ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်းရှိ မြို့ရိုးနဲ့ကျုံးတို့ တည်ရှိရာဒေသကို ယဉ်ကျေးမှု အမွေ အနှစ်ဒေသအဖြစ် သတ်မှတ်လိုက်တယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက သိရပါတယ်။

ယဉ်ကျေးမှုအမွေအနှစ်ဒေသတွေ ကာကွယ်ထိန်းသိမ်းဖို့ အခုလို သတ်မှတ်လိုက်တာဖြစ်ပြီး သတ်မှတ်လိုက်တဲ့ အတိုင်းအတာက တောင်ငူမြို့ရိုးကစပြီး မြို့ရိုးအတွင်းနဲ့ မြိုရိုးအပြင်ဘက်နေရာတွေကို သတ်မှတ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုသတ်မှတ်လိုက်တဲ့အတွက် ယဉ်ကျေးမှုအမွေအနှစ်တွေ ရေရှည်တည်တံ့လာပြီး ဒေသခံတွေအနေနဲ့လည်း ရှေး ဟောင်း ယဉ်ကျေးမှုတွေကို ထိန်းသိမ်းတတ်လာစေမယ်လို့ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီး ဌာန၊ ပဲခူးဌာနခွဲက ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းလင်းက ပြောပါတယ်။

မြို့ရိုးကို အုတ်ပေါင်း(၃၈၇)သိန်းကျော်နဲ့ တည်ဆောက်ထားပြီး အုတ်မြို့ရိုးရဲ့ အတွင်းဘက်မှာ မြို့ရိုး ပိုမို ကြံ့ခိုင် စေဖို့အတွက် မြေသားတွေနဲ့ ထောက်ပိုးထားကာ မြို့ရိုးရဲ့အပြင်ဘက်မှာတော့ ရေကျုံး၊ နွံကျုံးတို့နဲ့ ဝန်းရံထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ကေတုမတီမြို့ဟောင်းရှိ မြို့ရိုးနဲ့ကျုံးတို့ တည်ရှိရာဒေသကို ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ် သတ်မှတ်တာ ကိုတော့ သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာနက အမိန့် ကြော်ငြာစာအမှတ် ၂/၂၀၂၅ နဲ့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါ တယ်။ လက်ရှိမှာ မြန်မာနိုင်ငံအတွင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ထားတဲ့ ဇုန်(၄၉)ဇုန် ရှိပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။