e-ID စနစ်မှာ ပြည်သူတွေအနေနဲ့ ကိုယ်ရေးအချက်အလက်တွေကို ရုံးမှတ်တမ်းတွေနဲ့ ကိုက်ညီမှု ရှိ/မရှိ အွန်လိုင်း ကတစ်ဆင့် တိုက်ဆိုင်စစ်ဆေးနိုင်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရွန် နစ် မှတ်ပုံတင်စနစ်ဦးစီးဌာန (e-ID Department)က ထုတ်ပြန်ထားပါတယ်။

အွန်လိုင်းအပလီကေးရှင်းကို အသုံးပြုပြီး ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားမှာ ပါရှိတဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆)မှာ ပါရှိတဲ့ အချက်အလက်တွေကို ရုံးမှတ် တမ်းတွေနဲ့ ကိုက်ညီမှု ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ဆိုင်စစ်ဆေးရာမှာ ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို မှန်ကန်စွာ ဖြည့်သွင်းဖို့ လိုအပ်မှာဖြစ်ပြီး အချက်အလက်လုံခြုံမှု ရှိစေရေးအတွက် ကာယကံရှင်ကိုယ်တိုင် ဆောင်ရွက်ဖို့ လိုအပ်မှာ ဖြစ် ပါတယ်။ အချက်အလက်တိုက်ဆိုင် စစ်ဆေးထားရှိမှု အခြေအနေကိုလည်း QR Code နဲ့ ပြန်လည်စစ်ဆေးနိုင်မှာ ဖြစ်ပြီး မှန်ကန်မှု ရှိ/မရှိ အကြောင်းပြန်ကြားပေးရာမှာ Data Privacy အရ ကိုယ်ရေးအချက်အလက် အသေးစိတ် ကို ဖော်ပြပေးမှာ မဟုတ်ဘဲ မှန်ကန်မှု ရှိ/မရှိ အခြေအနေကိုသာ အကြောင်းပြန်ကြားပေးမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကိုယ်ရေးအချက်အလက်တွေ မှန်ကန်မှု ရှိ/မရှိကို https://service.eid.gov.mm မှာ တိုက်ဆိုင်စစ်ဆေးနိုင်ပြီး အွန်လိုင်း အပလီကေးရှင်းအသုံးပြုနည်း လမ်းညွှန်ကိုလည်း e-ID Department Facebook Page မှာ ဖော်ပြထားပါတယ်။