ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၉၂)အနီးမှာ ဩဂုတ်လ (၂၈)ရက် မနက်အစောပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ လူတစ်ယောက်သေဆုံးပြီး တစ်ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ကနေသိရပါတယ်။

ဖြစ်စဉ်မှာ နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကိုမောင်းနှင်လာတဲ့ (၆)ဘီး ကုန်တင်ယာဉ်တစ်စီးကို လားရာတူနောက်မှ မောင်းနှင်လာတဲ့ (၆)ဘီးကုန်တင်ယာဉ်တစ်စီးက ဝင်ရောက် တိုက်မိမှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

အခင်းဖြစ်နေရာကို မြို့ချောင်းအမြန်လမ်းမီးသတ်စခန်းက ရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ယာဉ်မောင်းအမျိုးသား တစ်ယောက်သေဆုံးပြီး ယာဉ်နောက်လိုက် အမျိုးသားတစ်ယောက် ထိခိုက်ဒဏ်ရာရရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူကိုတော့ ရဲတပ်ဖွဲ့ပိုင်သူနာတင်ယာဉ်နဲ့ မြို့ချောင်းတိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။