ရန်ကုန်မြို့မှာရှိတဲ့ အတွင်းဝန်ရုံး(အရင်ဝန်ကြီးများရုံး)မှာ အာဇာနည်နေ့အထူးပြပွဲအတွက် ကြိုတင်ပြင်ဆင်မှု ၉၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်တယ်လို့ ပြပွဲအတွက် တာဝန်ယူပြင်ဆင်နေတဲ့ အနော်မာ Art Group ကနေ သိရပါတယ်။
အထူးပြပွဲကို မနက် ၈ နာရီကနေ ညနေ၅နာရီအထိ ပြသသွားမှာဖြစ်ပြီး အများပြည်သူအနေနဲ့ ဝင်ကြေးအခမဲ့ လာရောက်ကြည့်ရှုနိုင်တယ်လို့ ဆိုပါတယ်။
အခုနှစ်အထူးပြပွဲမှာတော့ အရင်နှစ်ကနဲ့မတူဘဲ အများပြည်သူတွေ စုံစုံလင်လင် လေ့လာကြည့်ရှုနိုင်ဖို့ ပုံစံ အနည်းငယ် ပြောင်းလဲထားတယ်လို့လည်း သိရပါတယ်။
(၇၇)နှစ်မြောက် အာဇာနည်နေ့မှာ အတွင်းဝန်ရုံး (ဝန်ကြီးများရုံး) အပြင် ရန်ကုန်မြို့နဲ့ နတ်မောက်မြို့က ဗိုလ်ချုပ် အောင်ဆန်းနေအိမ်ပြတိုက် တွေမှာလည်း အထူးပြပွဲတွေ ပြသသွားမှာဖြစ်တယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနကနေ သိရပါတယ်။