ရှမ်းပြည်နယ်(တောင်ပိုင်း)၊ညောင်ရွှေမြို့နယ်မှာရှိတဲ့ အင်းလေးကန်ဒေသမှာအခက်ခဲဖြစ်နေတဲ့ ရေဘေးသင့်ဒေသခံတွေဆီ သွားရောက်ပြီး အောက်တိုဘာလ(၁၀)ရက်က စားနပ်ရိက္ခာနဲ့ထောက်ပံ့ငွေတွေ ပေးအပ်လှူဒါန်းခဲ့ကြတယ်လို့သိရပါတယ်။
စားနပ်ရိက္ခာနှင့်ထောက်ပံ့ငွေလှူဒါန်းမှုကို ချစ်မေတ္တာဖောင်ဒေးရှင်းမှဦးဆောင်ကာ မြန်မာနွယ်ဖွားတရုတ်အသင်းတွေရဲ့ လှူဒါန်းငွေတွေ၊ ပြည်ပကစေတနာရှင်တွေလှူဒါန်းငွေတွေနဲ့စုပေါင်းကာ သွားရောက်လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။


ဖောင်ဒေးရှင်းအနေနဲ့သွားရောက်လှူဒါန်းခဲ့တဲ့ ကျေးရွာတွေကတော့ အင်းလေးဒေသအတွင်း တောင်ပိုင်းကျေးရွာတွေဖြစ်တဲ့ အင်းဦးကျေးရွာ၊ လွယ်ငြိမ့်ကျေးရွာ၊ လယ်သစ်ထက်ကျေးရွာ၊ ပျားပင်တောင်ကျေးရွာ၊ သပြေပင်နောက်ကျေးရွာ၊ရွာကြီးတောင်ရွာ(အထက်-၂)ကျေးရွာနဲ့ ရွာကြီးတောင်အောက်ဝိုင်းကျေးရွာတွေဖြစ်ပြီး ညောင်ရွှေမြို့နယ်က ရေကြီးနစ်မြုပ်ခဲ့တဲ့ရပ်ကွက်(၆)ရပ်ကွက်က ဒေသခံတွေကိုပေးအပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။
ရေဘေးသင့်ဒေသခံတွေကိုလှူဒါန်းခဲ့တာကတော့ ကျပ်သိန်းပေါင်း ၈၀၀ ကျော်ခန့်ဖြစ်ပြီး အိမ်ထောင်စုတစ်စုကို ငွေကျပ်(၅)သောင်း၊ ဆန်၊ ဆီ၊ ခြောက်ဆွဲခြောက်၊ ငါးသေတ္တာနဲ့ စားသောက်ကုန်ပစ္စည်းတွေကိုလှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။
အင်းလေးဒေသမှာ ကျေးရွာပေါင်း(၄၄၀)ကျော်ရှိတာဖြစ်ပြီး ပြီးခဲ့တဲ့စက်တင်ဘာလ(၁၁)ရက်က ကျေးရွာပေါင်း ၂၀၀ နီးပါး ရေကြီးနစ်မြုပ်မှု ခံခဲ့ရတာဖြစ်ပါတယ်။ တချို့ကျေးရွာတွေမှာ အောက်တိုဘာလအထိ ရေတွေပြန်လည်ကျဆင်းတာမရှိသေးဘူးလို့သိရပါတယ်။