ရန်ကုန်မြို့၊ လသာမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်ရှိ အ.ထ.က(၁) လသာကျောင်းက အထက်တန်းပြကျောင်းဆရာ တစ်ယောက်ဟာ ဖေဖော်ဝါရီ ၁၈ ရက်၊ မနက်ပိုင်းက ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်မှု ဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ကြိုးဆွဲချ အဆုံးစီရင်ခဲ့တဲ့ ကျောင်းဆရာဟာ ကျောင်းဝင်းအတွင်းထဲက သူနေထိုင်ရာ နေအိမ်ထဲမှာပဲ ကြိုးဆွဲချ သေဆုံးနေတာလို့ ဆိုပါတယ်။ သေဆုံးနေတဲ့ ကျောင်းဆရာဟာ အသက် ၃၆ နှစ်အရွယ်ဖြစ်ပြီး သူရဲ့ ရုပ်အလောင်း ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပါတယ်။ လက်ရှိမှာတော့ ကြိုးဆွဲချ အဆုံးစီရင်ရတဲ့ အကြောင်း ရင်းကို စုံစမ်းနေပြီး သက်ဆိုင်ရာ လသာမြို့မ ရဲစခန်းမှာ သေမှုသေခင်း ဖွင့်လှစ်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲတဲ့ ဖေဖော်ဝါရီလ ၁၇ ရက်ကလည်း မြောက်ဒဂုံမြို့နယ်၊ (၄၃)ရပ်ကွက်မှာနေထိုင်တဲ့ ပြည်ပ အလုပ် အကိုင်ရှာဖွေရေးလုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ယောက် ကြိုးဆွဲချ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ပါသေးတယ်။