နေပြည်တော်ကောင်စီနယ်မြေအတွင်းက ကယ်ဆယ်ရေးစခန်းတွေကိုမလာရောက်နိုင်တဲ့ ရေဘေးသင့်ပြည်သူတွေကို စက်တင်ဘာ ၂၃ ရက်မှာ သက်ဆိုင်ရာအစိုးရအဖွဲ့ရဲ့ခွင့်ပြုချက်နဲ့ ထမင်းဘူးတွေကိုဆက်လက်လှူဒါန်းခဲ့ပါတယ်။
ထမင်းဘူးလှူဒါန်းတာကို ရွှေသံလွင် Group SkyNet နဲ့ ShweBank မိသားစုတို့က လှူဒါန်းခဲ့တာကြတာဖြစ်ပါတယ်။ ထမင်းလှူဒါန်းရာမှာ ထမင်းဖြူ၊ ငါးဆီပြန်နှပ်နဲ့ ငရုတ်သီးပဲဖက်ကြော်ပါတဲ့ ထမင်းဘူး(၁၅၀၀)ကို မနက်ပိုင်းမှာလှူဒါန်းခဲ့ပြီး ညနေပိုင်းမှာလည်း ထမင်းဘူး(၁၅၀၀)ကို သွားရောက်ပေးလှူခဲ့တာပါ။

ရွှေသံလွင် Group SkyNet နဲ့ ShweBank မိသားစုတို့က နေပြည်တော်ကောင်စီနယ်မြေမှာရှိတဲ့ ရေဘေးသင့်ပြည်သူတွေကိုပြီးခဲ့တဲ့စက်တင်ဘာလ(၁၅)ရက်နေ့ကစပြီး နေ့စဉ်လှူဒါန်းနေတာဖြစ်တယ်လို့သိရပါတယ်။