ရန်ကုန်မြို့မှာ အလှည့်ကျဓာတ်အားပေးစနစ်နဲ့ အုပ်စု A နဲ့ B ခွဲပြီး ဓာတ်အားပေးရာမှာ ဒီဇင်ဘာ ၁၉ ရက်က စပြီး ဓာတ်အားလျှော့ချမယ့်အချိန်စာရင်းထဲမှာ ည ၉ နာရီကနေ မနက် ၁ နာရီအထိ တစ်ချိန် ထပ်တိုးလာမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က ဒီဇင်ဘာ ၁၉ ရက်မှာ ကြေညာပါတယ်။

မနက် ၅ နာရီကနေ နောက်တစ်နေ့မနက် ၁ နာရီအထိ အုပ်စု A နဲ့ B ကို လေးနာရီစီ အလှည့်ကျ ဓာတ်အားပေး သွားမှာဖြစ်ပြီး မနက် ၁ နာရီကနေ မနက် ၅ နာရီအတွင်းကိုတော့ အုပ်စု A နဲ့ B နှစ်ခုစလုံးကို ဓာတ်အားပေး သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို ဝန်အားလျှော့မယ့်အချိန်ထပ်တိုးတာဟာ ဓာတ်အားစနစ်အတွင်း ဝန်အားမနိုင်နင်းမှုကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ အခုလိုဝန်အားလျှော့မယ့်အချိန်တစ်ချိန် ထပ်တိုးလာတာကို မြို့နယ်တချို့ရဲ့ YESC ဌာနတွေက သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာ ပြည်သူတွေကို အသိပေးထားတာကိုလည်း တွေ့ရပါတယ်။