ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်မှာရှိတဲ့ ဆုတောင်းပြည့်မယ်လမုစေတီတော်ရဲ့ ဗုဒ္ဓပူဇနိယ ပွဲတော်ကို ဇန်နဝါရီလ(၈)ရက်ကစပြီး ကျင်းပနေပြီဖြစ်တယ်လို့ စေတီတော်ဂေါပကအဖွဲ့ကနေ သိရပါတယ်။

မယ်လမုစေတီတော်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကို ပြာသိုလပြည့်နေ့မတိုင်ခင် ကျင်းပလေ့ရှိပြီး ပွဲတော်ကျင်းပ လာတာဟာ (၅၅)ကြိမ်အထိ ရှိခဲ့ပြီဖြစ်ပါတယ်။ ဘုရားပွဲတော်ကာလအတွင်း ပျော်ပွဲရွှင်ပွဲတွေနဲ့ ဈေးရောင်းပွဲ တော်လည်း ပါဝင်တယ်လို့ ဆုတောင်းပြည့် မယ်လမုစေတီတော်ဂေါပကအဖွဲ့ အတွင်းရေးမှူးဦးသန်းအောင်က ပြောပါတယ်။

ပွဲတော်မှာ ဈေးဆိုင်ခန်းပေါင်းတစ်ရာကျော် ပါဝင်ရောင်းချနေတာဖြစ်ပြီး အခမဲ့ဖျော်ဖြေရေးတွေလည်း ပါဝင် တယ်လို့ ဆိုပါတယ်။ ဆုတောင်းပြည့် မယ်လမုစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို ဇန်နဝါရီလ(၈)ရက် ကနေ (၁၈)ရက်အထိ ၁၁ ရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။