ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့အနေနဲ့ ဘာသာပေါင်းစုံ မိဘမဲ့ကလေးကျောင်းတွေ တည်ဆောက်ဖို့ ကြိုးစားနေတယ်လို့ မြန်မာနိုင်ငံ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏက ပြောပါတယ်၊၊

ဇန်နဝါရီလ ၇ ရက်က ရန်ကုန်မြို့ Esperado Lakeview Hotel မှာ ကျင်းပပြုလုပ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲ အခမ်းအနားမှာ ပြောကြားခဲ့တာပါ။လက်ရှိမှာတော့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့အနေနဲ့ အသက်မွေးဝမ်းကျောင်းပြု အတတ်ပညာ သင်တန်းတွေ ဖွင့်လှစ်ပေးထားပြီး ရှေ့ဆက်ပြီးလည်း ဘာသာပေါင်းစုံ မိဘမဲ့ကလေးကျောင်းတွေ တည်ဆောက်ဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့ ဦးဝဏ္ဏက အခုလို ပြောပါတယ်၊၊

လက်ရှိမှာ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)အနေနဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ အဖွဲ့ဝင် ပေါင်း ၅၀၀၀ ဝန်းကျင်အထိရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့ မြို့နယ် ၃၀ ကျော်မှာ အဖွဲ့ဝင်ပေါင်း ၂၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်၊၊