ပိဋကတ်သုံးပုံပါဠိတော် ဆဋ္ဌသင်္ဂါယနာမူ ၅၃ကျမ်းရဲ့ Soft Copy Hard Diskကို ဗီယက်နမ်ရဟန်းတော်တွေနဲ့ သီလရှင်တွေထံ ပေးအပ်လှူဒါန်းခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ကနေ သိရပါတယ်။
ပေးအပ်လှူဒါန်းပွဲကိုတော့ အောက်တိုဘာ၃ရက်က အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှာ ကျင်းပခဲ့တာဖြစ်ပြီး ဗီယက်နမ်နိုင်ငံက ဆရာတော်ကိုယ်စား အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်က ပါရဂူဘွဲ့လွန်သင်တန်းသား ဗီယက်နမ်ရဟန်းတော်ကို ပေးအပ်လှူဒါန်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ပိဋကတ်သုံးပုံပါဠိတော် ဆဋ္ဌသင်္ဂါယနာမူ ၅၃ကျမ်းကို မြန်မာ/ရိုမန်အက္ခရာနဲ့ စိစစ်တည်းဖြတ်ရာမှာ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ရဲ့ ပထမပါမောက္ခချုပ်ဆရာတော်နဲ့ ပါဝင်ဆောင်ရွက်တော်မူခဲ့တဲ့ ဗီယက်နမ်နိုင်ငံသားဆရာတော်ရဲ့ မေတ္တာရပ်ခံချက်အရ ဗီယက်နမ်နိုင်ငံမှာ ပိဋကတ်သုံးပုံပါဠိတော် ဆဋ္ဌသင်္ဂါယနာမူ ၅၃ကျမ်းကို ရွတ်ဖတ်ပူဇော်နိုင်ရေးအတွက် အခုလိုပေးအပ်လှူဒါန်း ဓမ္မဒါနပြုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။