ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ဘုရားရှေ့မှာ ဇွန်လ ၂၀ ရက် မနက်အစောပိုင်းက လူတစ်ယောက် လဲကျသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ပေး ခဲ့တဲ့ (ကိုပူတူးနှင့်ဘော်ဒါများ/ ရွှေသန်လျင်နာရေးကူညီမှုအသင်း)မှ ကိုပူတူးဆီကနေ သိရပါတယ်။
ဖြစ်စဉ်မှာ ဇွန်လ ၂၀ ရက် မနက် ၆ နာရီခွဲအချိန်လောက်က ဗိုလ်တထောင်ဘုရားရှေ့မှာ အမျိုးသားတစ်ယောက် ကွမ်းဝယ်အပြန် တက်ပြီးသေဆုံးသွားတာဖြစ်ကြောင်း ကနဦးသိရှိရပြီး အလောင်းကို ခွဲစိတ်စစ်ဆေးပြီးမှသာ အဖြေသိရှိနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီသေဆုံးသူဟာ ခန့်မှန်းအသက် ၃၀ နဲ့ ၄၀ နှစ်ဝန်းကျင်အရွယ်ရှိ အမျိုးသားတစ်ယောက်ဖြစ်ပြီး ကနဦးအနေနဲ့ ဂုတ်နားလေးမှာပွန်းပြီးသွေးထွက်တဲ့ ဒဏ်ရာတွေ့ရှိရကာ ဦးခေါင်းနဲ့ ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာတော့ ဒဏ်ရာ ဒဏ်ချက် မတွေ့ရှိရဘူးလို့ ဆိုပါတယ်၊၊
သေဆုံးသူရဲ့ရုပ်အလောင်းကိုတော့ ကိုပူတူးနှင့်ဘော်ဒါများ/ ရွှေသန်လျင်နာရေးကူညီမှုအသင်းကယာဉ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ပြီး ဖြစ်စဉ်နဲ့ပတ်သက်လို့ ဗိုလ်တထောင်မြို့မ ရဲစခန်းက သေမှုသေခင်းဖွင့်လှစ် ဆောင်ရွက်နေတယ်လို့ သိရပါတယ်၊၊
