ရန်ကုန်မြစ်ကို ဖြတ်ကျော်တည်ဆောက်နေတဲ့ ကိုရီးယား-မြန်မာ ချစ်ကြည်ရေး(ဒလ)တံတားဟာ ၈၀ ရာခိုင်နှုန်း နီးပါး ပြီးစီးနေပြီဖြစ်ပြီး ၂၀၂၅ ခုနှစ်ကုန်မှာ ပြီးစီးမယ်လို ခန့်မှန်ထားတယ်လို တံတားဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးကျော်ကောင်းချိုက One News ကို ပြောပါတယ်။ လက်ရှိမှာတော့ ပင်မတံတား တည်ဆောက်ရေးလုပ်ငန်း တွေသာ ကျန်ရှိတော့တာ ဖြစ်တယ်လို ဆိုပါတယ်။
တံတားကြီးကိုတော့ အမြန်ဆုံး ပြီးစီးနိုင်ရေး ကြီးကြပ်ဆောင်ရွက်နေပြီး သတ်မှတ်ထားတဲ့အချိန်မှာ ပြီးစီးနိုင်မယ် လို ခန့်မှန်းထားတယ်လိုလည်း ဦးကျော်ကောင်းချိုက ပြောပါတယ်။ တံတားကြီးပြီးစီးသွားမယ်ဆိုရင် ဒလမြိုပြ ဖွံဖြိုးရေးအတွက် အရေးပါလာမှာ ဖြစ်သလို ဆက်စပ်မြိုနယ်တွေဖြစ်တဲ့ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းနဲ့ ဧရာဝတီတိုင်းဒေသကြီးကိုပါ ဆက်သွယ်သွားလာနိုင်တော့မှာ ဖြစ်ပါတယ်။

ကိုရီးယား-မြန်မာ ချစ်ကြည်ရေး(ဒလ)တံတားကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က တံတားပန္နက်တင်ပြုလုပ်ပြီး ကိုရီးယားနိုင်ငံ စီးပွားဖွံဖြိုးမှု ရန်ပုံငွေ ချေးငွေနဲ့ အစိုးရထည့်ဝင်ငွေ အပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈၈ သန်းကျော်လောက် အကုန်ကျခံပြီး တည်ဆောက်နေတာ ဖြစ်ပါတယ်။ တံတားကြီးရဲ့ စုစုပေါင်း အရှည်က တော့ ၁၈၆၇ မီတာ၊ အကျယ် ၂၆ ဒသမ ၅ မီတာ၊ တံတားခံနိုင်ဝန် ၇၅ တန် ရှိပြီး လေးလမ်းသွား သံမဏိကြိုးဆိုင်း တံတားဖြစ်ပါတယ်။