ရေဘေးသင့်ပြည်သူတွေအတွက်ကူညီလှူဒါန်းဖို့ မြန်မာ့လက်ဝှေ့ချန်ပီယံဟောင်းထွန်းထွန်းမင်းက မြန်မာ့လက်ဝှေ့ကမ္ဘာ့ချန်ပီယံခါးပတ်လေလံတင်ပွဲကို စက်တင်ဘာလ(၂၀)ရက်နေ့က သိမ်ဖြူလက်ဝှေ့ရုံမှာပြုလုပ်ရာ ကျပ်သိန်း(၅၀၀)နဲ့လေလံအောင်ခဲ့တယ်လို့သိရပါတယ်။
လေလံအကြမ်းခင်းဈေးအနေနဲ့ ကျပ်သိန်း(၅၀၀)နဲ့ဖွင့်ထားတာဖြစ်ပြီး တစ်ပတ်အတွင်း ကျပ်သိန်း(၄၀၀)ပေးထားတာတွေရှိခဲ့တယ်လို့ဆိုပါတယ်။

အဲဒီနောက် စက်တင်ဘာ(၂၀)ရက် မနက်မှာတော့ အမည်မဖော်လို့တဲ့ ရိုးရာ လက်ဝှေ့ဝါသနာရှင်တစ်ယောက်က ကျပ်သိန်း(၅၀၀)ပေးလာပြီး အဲဒီထက်ပိုပေးတဲ့သူမရှိတာကြောင့် လေလံအောင်ခဲ့တာဖြစ်တယ်လို့ ကိုထွန်းထွန်းမင်းကပြောပါတယ်။
လေလံတင်ရရှိခဲ့တဲ့ငွေကြေးအကုန်လုံးကို ရေဘေးသင့်မိဘပြည်သူတွေဆီကို မြန်မာ့ရိုးရာလက်ဝှေ့ပရဟိတအဖွဲ့နဲ့အတူ ကိုယ်တိုင်သွားရောက်ပြီး လှူဒါန်းပေးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။