ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်မြို့နယ်ရှိ မီးမရရှိသေးတဲ့ကျေးရွာတချို့ကို လျှပ်စစ်မီး (၂၄)နာရီ ဖြန်ဖြူး ပေးနိုင်ရေးအတွက် လုပ်ဆောင်ပေးနိုင်ခဲ့တယ်လို့ တာချီလိတ်ခရိုင် လျှပ်စစ်အင်ဂျင်နီရာဦးမိုးဇော်လှိုင်က ပြောပါတယ်။ လျှပ်စစ်မီး ဖြန့်ဖြူးပေးနိုင်ခဲ့တဲ့ ကျေးရွာတွေမှာ နိုဝင်ဘာ(၁၄)ရက်နဲ့(၂၃)ရက်တွေက မီးလင်း ရေးလိုင်သစ်ဖွင့်ပွဲ အခမ်းအနားတွေ ပြုလုပ်ခဲ့ပြီး လျှပ်စစ်မီးဖြန့်ဝေပေးခဲ့ကြတာပါ။

လျှပ်စစ်မီးရရှိဖို့အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေနဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပြီး မီးရရှိတဲ့အတွက် လျှပ်စစ် ပစ္စည်းတွေကို အသုံးပြုနိုင်တော့မှာ ဖြစ်တယ်လို့ တာချီလိတ်ခရိုင် လျှပ်စစ်အင်ဂျင်နီယာ ဦးမိုးဇော်လှိုင်က ပြောပါ တယ်။ ကျေးရွာမီးရရှိရေးအတွက် ၁၀၀ ကေဗွီအေ ထရန်စဖော်မာ(၂)လုံး၊ (၄၀၀)ဗို့အားလိုင်းတွေကို မြို့မီးလင်း ရေး ဦးဆောင်ကော်မတီရုံး(ခွဲ)နဲ့ ကျေးရွာသူ၊ ကျေးရွာသားတွေက ကိုယ်ထူကိုယ်ထငွေကြေးနဲ့ လုပ်ငန်းတွေ ရာနှုန်းပြည့် ပြီးစီးအောင် တည်ဆောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လျှပ်စစ်မီးရရှိတဲ့အတွက် အကျိုးကျေးဇူးများပြီး စက်မှုလုပ်ငန်းတွေလည်း တိုးချဲ့လုပ်ကိုင်လာနိုင်မယ်လို့ ဒေသခံ တွေက ဆိုကြပါတယ်။ လျှပ်စစ်မီးရရှိတဲ့ကျေးရွာတွေကတော့ တာချီလိတ်မြို့နယ်ရှိ မိုင်းဖုန်း(ခ) ကျေးရွာအုပ်စုက ဟွေယုန်းရွာဟောင်းနဲ့ ရွာသစ်ကျေးရွာ၊မိုင်းကိုးကျေးရွာအုပ်စုက မယ်ဖုံးလုံကျေးရွာတို့ဖြစ်ပြီး ကျန်ရှိနေတဲ့ကျေးရွာ တွေကိုလည်း လျှပ်စစ်မီး ဖြန့်ဖြူးပေးနိုင်ဖို့အတွက် ဆောက်ရွက်သွားမှာဖြစ်တယ်လို့ တာချီလိတ်ခရိုင် လျှပ်စစ် အင်ဂျင်နီယာရုံးကနေ သိရပါတယ်။