ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်မှာ ဒီဇင်ဘာ ၂၃ ရက်၊ ညနေ ၅ နာရီဝန်းကျင်က အာသောကလမ်းထိပ် မီးပွိုင့်အနီးမှာရှိတဲ့ လက်ဖက်ရည်ဆိုင်ထဲကို ဆီဘောက်ဆာယာဉ်တစ်စီး ဝင်တိုက်မိမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေကနေ သိရပါတယ်။

အဲဒီဆီဘောက်ဆာယာဉ်ဟာ ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လက်ဖက်ရည်ဆိုင်ထဲကို ဝင်တိုက်မိတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ယာဉ်တိုက်မှုကြောင့် အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ဒဏ်ရာရသွားပြီး အမျိုးသမီးရဲ့ ဒဏ်ရာက စိုးရိမ်ရတယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ဆီဘောက်ဆာယာဉ်မောင်းကို တာမွေမြို့မရဲစခန်းမှာ ဥပဒေအရ အရေးယူဆောင် ရွက်နေတယ်လို့ သိရပါတယ်။