တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ဂျလန်းကျွန်းရှိ ဒေသခံဆလုံလူမျိုးတွေရဲ့စားသောက်နေထိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိတာတွေအတွက် ပရဟိတလုပ်ငန်းတွေအတွက် လက်ရှိမှာ အလှူငွေရရှိမှု နည်းပါး လာတာကြောင့် အခက်အခဲတွေ ကြုံတွေ့နေရ တယ်လို့ ပရဟိတလုပ်ငန်းရဲ့ ဦးစီးပဓာနနာယက ဂျလန်းကျွန်း ဆရာတော် ဒေါက်တာဘဒ္ဒန္တပညာသီရိက မိန့်ကြားပါတယ်။

အဲဒီဒေသခံဆလုံလူမျိုးတွေအတွက် ပရဟိတ လုပ်ငန်းတွေကို ၂၀၀၇ ခုနှစ်ကတည်းက ဂျလန်းကျွန်းဆရာတော် အရှင်ကုသလဇောတိ ကဦးဆောင်လုပ်ကိုင်ခဲ့ ပြီး(၂၀၂၁ )ခုနှစ် ဇူလိုင်လမှာ ဆရာတော်ကြီးပျံလွန်တော်မူသွားတဲ့အတွက် ဆရာတော်ကြီးလုပ်ကိုင်ခဲ့တဲ့ ပရဟိတလုပ်ငန်းတွေကို ဆက်လက်တာဝန်ယူလုပ်ကိုင်ခဲ့တာဟာ အခုဆိုရင် (၃)နှစ်လောက်ရှိပြီ ဖြစ်ပါတယ်။
ဒေသခံတွေကို သွားရောက်လှူဒါန်းထောက်ပံ့နေရတဲ့ အသုံးအဆောင်တွေကို ဝယ်ယူရတဲ့စရိတ်တွေ ကြီးမြင့်လာ သလို လမ်းပန်းဆက်သွယ်ရေးကလည်း ဝေလံပြီး ကုန်ကျစရိတ်တွေလည်း အရင်ကထက် သိသိသာသာ မြင့်တက်လာတယ်လို့မိန့်ပါတယ်။

အဲဒါကြောင့် ပါဝင်လှူဒါန်းလိုတဲ့ အလှူရှိတွေရှိရင်လည်း ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးဘေး ၃၈ မိုင်၊၂ ဖာလုံနဲ့ ၃ ဖာလုံကြားရှိ မုဒိတာပုံရိပ်ကျောင်းတိုက်၊ ဖုန်းနံပါတ်(၀၉-၅၄ ၀၅ ၂၉၄)ကနေ ဆက်သွယ် လှူဒါန်းနိုင်တယ်လို့သိရပါတယ်။