ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ငွေလိမ်လုပ်ငန်းတစ်ခုမှာ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသား ၂၁ ယောက်ဟာ ဩဂုတ် ၂၇ ရက်က လွတ်မြောက်လာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထုတ်ပြန်ထားပါတယ်။

အဲဒီလုပ်ငန်းမှာ ပိတ်မိနေသူ အိန္ဒိယနိုင်ငံသား ၇ ယောက်ကတော့ ဩဂုတ် ၁၂ ရက်နဲ့ ၂၀ ရက်နေ့တွေက ပြန်လည်လွတ်မြောက် လာခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသားတွေ ပြန်လည်လွတ်မြောက်လာတဲ့အပေါ် သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဒေသဆိုင်ရာတာဝန်ရှိသူတွေရဲ့ အကူအညီအတွက်လည်း ကျေးဇူးတင်တယ်လို့ သံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ မြဝတီမြို့နယ်ရှိ ငွေလိမ်လုပ်ငန်းတစ်ခုရဲ့ ခြံဝင်းမှာ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသား ၅၇ ယောက်ဟာ ဘေးကင်းစွာ ထွက်ခွာနိုင်ခဲ့တယ်လို့လည်း သံရုံး ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။