ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) အနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပါတီ ရုံးခန်း ၁၂၀ ကျော် ဖွင့်လှစ်ပြီး ဖြစ်တယ်လို ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။မေ ၁၈ ရက်က ရန်ကုန်မြို၊ သာကေတမြိုနယ်မှာ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ (ကျားဖြူပါတီ) ဗဟိုဌာနချုပ် ရုံးဖွင့်ပွဲ အခမ်းအနားမှာ မီဒီယာတွေရဲ့ မေးမြန်းမှုအပေါ် ဖြေကြားခဲ့တာပါ။

အထွေထွေရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖိုအတွက် သတ်မှတ်ထားတဲ့ ပါတီရုံးခန်း အရေအတွက်အတိုင်း ဖွင့်လှစ်ထားနိုင်ပြီ ဖြစ်သလို သတ်မှတ်ပါတီဝင်အင်အားလည်း ကျော်လွန်နေပြီ ဖြစ်တယ်လို ဆိုပါတယ်။သတ်မှတ်ထားတဲ့ ပါတီရုံးခန်းအရေအတွက်အတိုင်း ဖွင့်လှစ်ထားပေမယ့် ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်ရဲ့ ကြန့်ကြာနေတာတွေကြောင့် တစ်နိုင်ငံလုံးစည်းရုံးမယ့် ပါတီတွေစာရင်းထဲမှာ ပါဝင်နိုင်ခြင်း မရှိသေးတာ ဖြစ်တယ် လို ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

လက်ရှိအချိန်ထိ တစ်နိုင်ငံလုံးစည်းရုံးမယ့် ပါတီ ၉ ပါတီရှိပြီး ၃ ပါတီသာ သတ်မှတ်ရုံးခန်းအရေအတွက်အတိုင်း ဖွင့်လှစ်ထားနိုင်ကာ ကျန် ၆ ပါတီအနေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပါ သတ်မှတ်ချက်အတိုင်း ရွေးကောက်ပွဲ ကျင်းပမယ့် နေ့ရက်မတိုင်မီ အနည်းဆုံး ရက်ပေါင်း ၉၀ ကြိုတင်ပြီး ကော်မရှင်က အမိန့် ကြော်ငြာစာ ထုတ်ပြန်တဲ့ နေ့ရက်အတွင်း သတ်မှတ်ရုံးခန်း ပြည့်မီရေး ဆောင်ရွက်ရမှာ ဖြစ်တယ်လို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဖြေကြားထားပါတယ်။ဒါ့အပြင် အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို လျာထားသတ်မှတ်ပြီး ဖြစ်တဲ့အတွက် အချိန်မီ ကြိုတင် ထုတ်ပြန်ပေးသွားမယ်လိုလည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဖြေကြားထားပြီး ဖြစ်ပါတယ်။