ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ အမာမြို့၊ ဒေါ်ညိမ်းကျေးရွာက သရက်တော ဘုန်းတော်ကြီးကျောင်းမှာ ကိုရင်ငယ်တစ်ပါးကို ခန်းနေဆရာတော်က ဖုန်းခိုးတယ်လို့ ဆိုပြီး တုတ်နဲ့ရိုက်နှက်မှုကြောင့် ပျံလွန်တော်မူခဲ့ပြီး ကျူးလွန်သူ ဆရာတော်ကို အမှုဖွင့် ဖမ်းဆီးထားတယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

အခင်းဖြစ်စဉ်ကတော့ သရက်တောဘုန်းတော်ကြီးကျောင်းမှာ ကိုရင်တစ်ပါးကို ခန်းနေဆရာတော်က ရိုက်နှက် မှုကြောင့် သေဆုံးကြောင်း သတင်းအရ စက်တင်ဘာ ၁၈ ရက်က သက်ဆိုင်ရာ ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေး ခဲ့တာလို့ ဆိုပါတယ်။
စစ်ဆေးချက်အရ တုတ်နဲ့ ရိုက်နှက်ခံရတဲ့ ကိုရင်လေးမှာ ကျော၊ ပေါင်နဲ့ တင်ပါးမှာ ညိုမဲ စုတ်ပြဲဒဏ်တွေနဲ့ သေဆုံးခဲ့တာဖြစ်ပြီး ကျူးလွန်သူ ခန်းနေဆရာတော်ကို ရပ်ကျေးသံဃာ့နာယကနဲ့ သိက္ခာချပြီး အမှုဖွင့် ဖမ်းဆီးစစ်ဆေး နေတယ်လို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
လက်ရှိမှုတော့ ကျူးလွန်သူကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့် အရေးယူ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။