တရုတ်နဲ့ဆက်စပ်နေတဲ့ ဟက်ကာတွေဟာ ဆိုက်ဘာသူလျှိုလုပ်ဆောင်ချက်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ တရုတ် (တိုင်ပေ)ရဲ့ ဆီးမီးကွန်ဒတ်တာလုပ်ငန်းနဲ့ လေ့လာဆန်းစစ်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ The Straits Times သတင်းမှာ ဖော်ပြထားပါတယ်။

လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်တွေကို ခိုးယူဖို့ ဟက်ကာတိုက်ခိုက်မှုတွေ လုပ်တာက အသစ်အဆန်း မဟုတ်ပေမယ့် လတ်တလောမှာက တရုတ်နဲ့ဆက်စပ်နေတဲ့ ဟက်ကာအဖွဲ့တွေဆီကနေ တိုက်ခိုက်မှုတွေ သိသိသာသာတိုးလာတယ်လို့ ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Proofpoint ရဲ့ သုတေသီတွေက ပြောပါတယ်။၂၀၂၅ ခုနှစ် မတ်လကနေ ဇွန်လအတွင်း ဟက်ကာတိုက်ခိုက်မှုအများစုဟာ တရုတ်နဲ့ဆက်စပ်နေတဲ့ အနည်း ဆုံးအဖွဲ့ ၃ ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နိုင်ဖွယ်ရှိတယ်လို့ Proofpoint က ပြောပါတယ်။

ကမ္ဘာ့ဆီမီးကွန်ဒတ်တာကဏ္ဍမှာ အကောင်းဆုံးချပ်စ်ပြားတွေကို တရုတ်တိုင်ပေက ထုတ်လုပ်တာဖြစ်ပြီးTSMC လို အကြီးဆုံး ချပ်စ်ပြား ထုတ်လုပ်ရေးကုမ္ပဏီဟာ တရုတ်တိုင်ပေ အခြေစိုက်ကုမ္ပဏီ ဖြစ်ပါတယ်။အမေရိကန်က တရုတ်ကို ချပ်စ် တင်ပို့မှုအပေါ် ကန့်သတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီးနောက် တရုတ်က တရုတ်တိုင်ပေရဲ့ ချပ်စ် လုပ်ငန်းတွေကို တိုက်ခိုက်မှု တိုးမြင့်လာတာဖြစ်ပါတယ်။