ဂျပန်ဟာ အာကာသမှာ လျှပ်စစ်ထုတ်ပြီး ကမ္ဘာမြေကို ပြန်ပိုပေးမယ့် ပထမဆုံးနိုင်ငံ ဖြစ်လာတော့မှာ ဖြစ်ကြောင်း Tech innovaiton သတင်းမှာပါရှိပါတယ်။ ဂျပန်ဟာ လျှပ်စစ်ထုတ်ဖိုအတွက် ဂြိုဟ်တုတစ်ခုကို အာကာသမှာ လွှတ်တင်ထားမှာဖြစ်ပါတယ်။ ဂြိုဟ်တုရဲ့အလေးချိန်ဟာ ပေါင် ၄၀၀ နီးပါးရှိပါတယ်။

ဂြိုဟ်တုဟာ ကမ္ဘာမြေပြင်အထက် မိုင်၂၅၀ ပတ်လမ်းမှာ တစ်နာရီ ၁၇၄၀၀မိုင် နှုန်းနဲ့ ပျံသန်းနေမှာဖြစ်ပါတယ်။ ဂြိုဟ်တု မှာ စွမ်းအင်ရယူဖို ဆိုလာ ၂ စတုန်းမီတာ ၃ ပြား တပ်ဆင်ထားမှာဖြစ်ပါတယ်။ Solar ပြားတွေကရတဲ့ လျှပ်စစ်ကို ဘထရီအိုးမှာ သိုလှောင်ထားမှာပါ။ သိုလှောင်ထားတဲ့ လျှပ်စစ်တွေကို မိုက်ခရိုဝေ့ဗ် အဖြစ်ပြောင်းပြီး ကမ္ဘာမြေက လက်ခံ အန်တီနာဆီကို ပေးပိုမှာဖြစ်ပါတယ်။ ဒီလိုပေးပိုဖို မိနစ်အနည်းငယ်လောက်သာ အချိန် ကြာမြင့်မှာဖြစ်ပေမယ့် ဘထရီ အားကုန်သွားမယ်ဆိုရင်တော့ ရက်ပိုင်းလောက်ထိ အားပြန်သွင်းရမှာဖြစ်ပါတယ်။

ဂြိုဟ်တုဟာ ၁ ကီလိုဝပ်လောက်သာ ထုတ်လွှတ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒီပမာဏဟာ အိမ်သုံး ပန်းကန်ဆေးစက် အသေးတစ်လုံး တစ်နာရီသုံးနိုင်ရုံပဲရှိပါတယ်။ ဒါကြောင့် ဂျပန်တိုရဲ့ ဒီပရောဂျက်ဟာ စီးပွားဖြစ်သုံးရန်အတွက်တော့ အတော်လေး အလှမ်းကွာနေတာကြောင့် ဝေဖန်မှုတွေရှိနေပါတယ်။ဂျပန်ဟာ အာကာသလျှပ်စစ်ထုတ်လုပ်မှု ပရောဂျက်ကို OHISAMA လို အမည်ပေးထားပါတယ်။ အခု ၂၀၂၅ မှာ ပရောဂျက်ရဲ့ တစ်စိတ်တပိုင်းကို လွတ်တင်ဖို အဆင်သင့်ဖြစ်နေပြီလို သက်ဆိုင်ရာတာဝန်ရှိသူတွေကပြောကြားထားပါတယ်။