ဂျပန်အခြေစိုက် startup ispace ဖောင်ဒေးရှင်းကစီစဉ်တဲ့ အာကာသယာဉ် ဆင်းသက်မှု အောင်မြင်ခဲ့ကြောင်း Asia One သတင်းမှာ ရေးသားထားပါတယ်။ ဒါဟာ ဂျပန်နိုင်ငံအတွက် သမိုင်းဝင် မဟာဗျူဟာမြောက် အောင်မြင် မှုတစ်ခု ဖြစ်သလို ထိပ်တန်းနည်းပညာကုမ္ပဏီကြီးတွေကို ယှဉ်ပြိုင်ဖို့ ခြေလှမ်း စတင်တာလည်း ဖြစ်ပါ တယ်။

ပြီးခဲ့တဲ့နှစ်အတွင်းက တိုကျိုအခြေစိုက် ISPACE ရဲ့ စီးပွားဖြစ် အာကာသယာဉ်တွေ လွှတ်တင်နိုင်ဖို့အတွက် အမေရိကန်နည်းပညာကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ရတာပါ။ ဒါပေမဲ့ အခု startup ispace ဖောင်ဒေးရှင်း က စီစဉ် လွှတ်တင်လိုက်တဲ့ အာကာသယာဉ်က အမေရိကန်ကုမ္ပဏီတွေရဲ့ နည်းပညာအကူအညီ မပါဝင်ဘူးလို့ သိရပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်အခြေစိုက် အာကာသယာဉ်ကုမ္ပဏီတွေနဲ့ပတ်သတ်ပြီး အခွန်ချမှတ်မှုဆိုင်ရာ မသေချာမရေရာမှုတွေ ရှိနေတာကြောင့် ဂျပန်ရှိ အများပိုင်နှင့်ပုဂ္ဂလိက အာကာသယာဉ်ကုမ္ပဏီတွေအတွက် များစွာ အခက် တွေ့စေခဲ့ပါတယ်။ ဒါ့ကြောင့် ဂျပန် startup ispace ဖောင်ဒေးရှင်းရဲ့ အမေရိကန် နည်းပညာ အကူအညီမဲ့ အာကာသယာဉ် အောင်မြင်စွာ ဆင်းသက်လာနိုင်မှုက အိပ်မက်မဟုတ်ဘဲ အမှန်တကယ်ဖြစ်တယ်လို့ ကုမ္ပဏီအမှုဆောင်အရာရှိချုပ်က ပြောကြားထားပါတယ်။