အမေရိကန် ဘီလျံနာသူဌေးကြီး အီလွန်မက်စ်ရဲ့ SpaceX ကုမ္ပဏီက မတ်လ ၆ ရက်နေ့မှာ စမ်းသပ်ပျံသန်းတဲ့ အာကာသဒုံးပျံယာဉ်ဟာ လွှတ်တင်ပြီးမိနစ်ပိုင်းအကြာမှာ အဆက်အသွယ်ပျက်သွားခဲ့ပြီး အစိတ်စိတ်အမွှာမွှာဖြစ်ကာ ပျက်ကျခဲ့ကြောင်း Reuters သတင်းမှာရေးသားထားပါတယ်။

အာကာသဒုံးပျံယာဉ်ဟာ တက္က ဆက်ပြည်နယ်ရဲ့ ပေ ၄၀၀ ကျော်အကွာမှာ ပေါက်ကွဲထွက်သွားပြီးပျက်ကျသွားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းကလည်း SpaceXရဲ့ အာကာသယာဉ် စမ်းသပ်ပျံသန်းမှုဟာ မအောင်မြင်ဘဲ ပျက်ကျခဲ့ဖူးပါတယ်။အခု ပျက်ကျတဲ့ အာကာသယာဉ်အစိတ်အပိုင်းတွေကြောင့် ဖလော်ရီဒါပြည်နယ်က လေဆိပ်တွေမှာ ခရီးစဉ်တွေ အားလုံးရပ်တန့်လိုက်ရတယ်လို့ လေကြောင်းအာဏာပိုင်တွေကပြောပါတယ်။

အော်လန်ဒိုနဲ့မိုင်ယာမီက လေဆိပ်တွေမှာလည်းလေယာဉ်တွေ ထွက်ခွာခွင့်မရဘဲ ယာယီရပ်ဆိုင်းထားရတယ်လို့ သိရပါတယ်။ အီလွန်မက်စ်ရဲ့ကုမ္ပဏီဘက်ကတော့ လုံခြုံရေးအရာရှိတွေနဲ့ပူးပေါင်းပြီး အရေးပေါ်အခြေအနေတုံ့ပြန်ရေး ကြိုတင်စီမံချက်အတိုင်း လုပ်ဆောင်နေတယ်လို့ပြောပါတယ်။လက်ရှိမှာ SpaceXအနေနဲ့ အာကာသဒုံးပျံယာဉ်ပျက်ကျရတဲ့အကြောင်းရင်းကိုလည်း ဆန်းစစ်သွားမယ်လို့ဆိုပါတယ်။