အမေရိကန် သုံးစွဲသူတွေ ဝယ်ယူတင်သွင်းလာတဲ့ iPhone တွေ အားလုံးအပေါ် စည်းကြပ်မှု ၂၅ ရာခိုင်နှုန်း တိုးလာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က မေလ ၂၃ ရက်နေ့က ခြိမ်းခြောက်ပြောဆိုလာတာကို Reuters သတင်းမှာဖော်ပြထားပါတယ်။

Apple ကို အခုလို သမ္မတထရမ့် အခွန်ခြိမ်းခြောက်မှုက မော်တော်ကားထုတ်လုပ်သူတွေ၊ ဆေးဝါးကုမ္ပဏီတွေ ချစ်ပ်ထုတ်လုပ်သူတွေအနေနဲ့ ထုတ်လုပ်မှုကို အမေရိကန်မှာ ဆောင်ရွက်ဖို ဖိအားပေးနေတာလည်းဖြစ်ပါတယ်။Apple ကုမ္ပဏီဟာ ထရမ့်တိုးမြှင့်ကောက်ခံလာတဲ့ အခွန်နှုန်းထားတွေကြောင့် iPhoneထုတ်လုပ်မှု ကို အိန္ဒိယမှာ ပြောင်းရွှေ့ထုတ်လုပ်ဖိုစီစဉ်နေတာဖြစ်ပါတယ်။ ဒါ့ကြောင့် ထရ၎့်အနေနဲ့ အမေရိကန်ကနေ ထုတ်လုပ်မှုပြောင်းရွှေ့ဖိုဆောင်ရွက်နေတဲ့ Apple ကို အခုလို အခွန်နှုန်းထားတွေနဲ့ ခြိမ်းခြောက်လာတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ဇွန်လ ၁ ရက်နေ့က စတင်ပြီး ဥရောပသမဂ္ဂ ကုန်ပစ္စည်းတွေအပေါ် အခွန် ၅၀ ရာခိုင်နှုန်းကောက်ခံဖို တိုက်တွန်းထားတယ်လို ထရမ့်ကပြောကြားထားပါတယ်။အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အခုလို ထပ်မံရိုက်ခတ်လာတဲ့ အခွန်တိုးမြှင့်မှု တွေကြောင့် လာမယ့် ရက်သတ္တပတ်တွေအတွင်း ကမ္ဘာ့ဈေးကွက်တွေ တုန်လှုပ်သွားစေမှာကိုလည်း စီးပွားရေးပညာရှင်တွေက စိုးရိမ်နေကြပါတယ်။