Samsung Electronics က ပရီမီယံဈေးကွက်ပြိုင်ဘက် Apple ကို ယှဉ်ပြိုင်ဖို့ အပါးလွှာဆုံး flagship မော်ဒယ် စမတ်ဖုန်းကို လူသိရှင်ကြား မိတ်ဆက်ထုတ်ဖော်ပြသလာတာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။ S25 Edge စမတ်ဖုန်းဟာ ပိုမိုသယ်ဆောင်ရလွယ်ကူပြီး အသက် ၂၀ ကျော် ၃၀ အရွယ်တွေအတွက် အထူးဒီဇိုင်း ထုတ် ပြုလုပ်ထားဖြစ်ပြီး သုံးစွဲသူတွေ အကြိုက်တွေ့ကာ ဝယ်လိုအားတိုးလာစေမယ်လို့ ကုမ္ပဏီက ခန့်မှန်းထားပါ တယ်။

S25 Edge စမတ်ဖုန်းမှာ ပုံနှိပ်ဆားကစ်ဘုတ်နဲ့ အပူပေးစနစ်တွေ အပါအဝင် အရင်ထွက်ရှိထားတဲ့ စမတ်ဖုန်းတွေ ထက် အတွင်းအစိတ်ပိုင်းတွေကလည်း ဖွဲ့စည်းပုံဆိုင်ရာ အပြောင်းအလဲများစွာ ပြုလုပ်ထားတယ်လို့ Samsung ကုမ္ပဏီတာဝန်ရှိအကြီးအကဲတစ်ယောက်က ပြောကြားခဲ့ပါတယ်။S25 Edge ကို မေလ ၂၄ ရက် တောင်ကိုရီးယားမှာ စတင်ရောင်းချမှာဖြစ်ပြီး မေလ ၃၀ ရက်မှာတော့ အမေရိကန် မှာ ရောင်းချသွားမှာဖြစ်တယ်လို့ Samsung ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် တရုတ်နဲ့ဥရောပသမဂ္ဂရှိ နိုင်ငံပေါင်း ၃၀ ကိုလည်း ဖြန့်ချိသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။