တရုတ်အခြေစိုက် စမတ်ဖုန်းနှင့်လျှပ်စစ်ကားထုတ်လုပ်သူ Xiaomi ကုမ္ပဏီက ချစ်ပ်ဒီဇိုင်းအတွက် အနည်းဆုံး ယွမ် ဘီလီယံ ၅၀ (ဒေါ်လာ ၆ ဒသမ ၉၃ ဘီလီယံ) ရင်းနှီးမြှုပ်နှံဖို စီစဉ်ထားကြောင်း ကြေညာလာတာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ဒါဟာ ၁၀ နှစ်တာအတွင်း Xiaomi ကုမ္ပဏီအတွက် ချစ်ပ်ဒီဇိုင်းမှာ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်တယ်လို ကုမ္ပဏီအမှုဆောင်အရာရှိချုပ်က ဆိုပါတယ်။ချစ်ပ်ဒီဇိုင်းကဏ္ဍမှာ အမေရိကန် ဒေါ်လာ ၆ ဒသမ ၉၃ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ့်အစီစဉ်ကို အခု၂၀၂၅ ခုနှစ် အတွင်းမှာ အကောင်အထည်ဖော်သွားမှာဖြစ်တယ်လိုလည်း Xiaomi တည်ထောင်သူက ပြောကြားထားပါတယ်။ဒါ့အပြင် Xiaomi က အဆင့်မြင့်မိုဘိုင်းချစ်ပ် XringO1 ကို ကိုယ်တိုင်တီထွင်ဖိုအတွက် ယွမ် ၁၃ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး ချစ်ပ်ဒီဇိုင်းယူနစ်အတွက် လူပေါင်း ၂၅၀၀ ကျော် အလုပ်ခန့်ထားတယ်လို ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်က ပြောဆိုထားပါတယ်။