Apple နဲ့ SpaceX တို့ ပူးပေါင်းပြီး iPhone တွေမှာ Starlink ဂြိုဟ်တု ချိတ်ဆက်နိုင်ရေး ဆောင်ရွက်သွားမယ်လို့ အီလွန်မတ်စ်က ပြောကြားလာပါတယ်။

Apple နဲ့ SpaceX အပြင် ဂျာမနီအခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီကြီး ဖြစ်တဲ့ T-Mobile နဲ့ပါ ပူးပေါင်းပြီး ဆဲလ်ဝန်ဆောင်မှုမပါဘဲ iPhone တွေမှာ Starlink ဂြိုဟ်တု ချိတ်ဆက်မှု ရရှိ ရေးကို ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ဆဲလ်ဝန်ဆောင်မှုမပါဘဲ iPhone တွေမှာ Starlink ဂြိုဟ်တုချိတ်ဆက်နိုင်ပြီး ဝေးလံခေါင်သီတဲ့ နေရာတွေမှာပါ စာတိုပေးပို့နိုင်အောင်လည်း အထူးဝန်ဆောင်မှု ပေးသွားမယ်လို့ အီလွန်မတ်စ် က ပြောပါတယ်။

အခုအခါ iOS 18.3 အပ်ဒိတ်မှာ ဒေတာနဲ့ အသံဝန်ဆောင်မှုတွေအတွက် Starlink ဝန်ဆောင်မှု ကို ပံ့ပိုးထားပြီး ဖြစ်ပါတယ်။ မကြာမီ မိတ်ဆက်တော့မယ့် iPhone တွေမှာလည်း Starlink ဂြိုဟ်တု ချိတ်ဆက် နိုင်ရေး ဝန်ဆောင်မှုအတွင်း ရုပ်ပုံတွေ၊ ဂီတနဲ့ Podcasts တွေကိုလည်း အဓိကထား ပံ့ပေးသွားမှာဖြစ်တယ်လို့ Elon Musk က ထုတ်ဖော်ပြောကြားလာတာ ဖြစ်ပါတယ်။