အမေရိကန်ဈေးကွက်မှာ ရောင်းချမယ့် အိုင်ဖုန်းတွေကို လာမယ့်လတွေအတွင်းမှာ အိန္ဒိယမှာ ထုတ်လုပ်မှာဖြစ်ပြီး iPad၊ Mac၊ Apple Watch နဲ့ AirPods ထုတ်ကုန်အားလုံးနီးပါးကိုတော့ ဗီယက်နမ်မှာ ထုတ်လုပ်ဖိုရှိတယ်လို Apple ရဲ့ အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်က ပြောပါတယ်။

အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုအသစ်ကြောင့် လက်ရှိသုံးလပတ်အတွင်းမှာ Apple ရဲ့ ကုန်ကျစရိတ်ဟာ အမေရိ ကန်ဒေါ်လာ သန်း ၉၀၀ အထိ ပိုများနိုင်တယ် လို ခန့်မှန်းပြီးနောက် Apple ထုတ်ကုန်တွေကို တရုတ်နိုင်ငံပြင်ပမှာ ပြောင်းလဲထုတ်လုပ်ဖို အခုလို ဆောင်ရွက် လာတာပါ။

Trump အစိုးရက Apple ရဲ့ ထုတ်လုပ်မှုကို အမေရိကန်ကို ရွှေ့ပြောင်းဖိုအတွက် အကြိမ်ကြိမ်တိုက်တွန်းခဲ့သလို Apple ကလည်း လာမယ့် လေးနှစ်အတွင်း အမေရိကန် ပြည်နယ်တွေမှာ ကုမ္ပဏီအနေနဲ့ ဒေါ်လာ ဘီလီယံ ၅၀၀ ရင်းနှီးမြှုပ်နှံသွားဖို စီစဉ်နေပါတယ်။ Apple ရဲ့ အခုနှစ် ပထမ ၃ လပတ် ဝင်ငွေရရှိမှုဟာ အမေရိကန်ဒေါ်လာ ၉၅ ဒသမ ၄ ဘီလီယံအထိရှိပြီး ပြီးခဲ့တဲ့နှစ် ကာလတူထက် ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။