ဩစတြေးလျသင်္ဘောဆောက်လုပ်ရေးကုမ္ပဏီ Incat က ကမ္ဘာပေါ်မှာ အကြီးဆုံး လျှပ်စစ်ဓာတ်အားနဲ့ မောင်းနှင် နိုင်တဲ့သင်္ဘောကို စတင်မိတ်ဆက်ခဲ့ကြောင်း VNExprss သတင်းမှာ ဖော်ပြထားပါတယ်။ အဲဒီသင်္ဘောဟာ Hull 096 အမည်ရှိ အလူမီနီယံနဲ့ ပြုလုပ်ထားတဲ့ ကတ်တာမာရန်သင်္ဘောအမျိုးအစားဖြစ်ပြီး အရှည် ၁၃၀ မီတာ(၄၂၆ ပေ)ရှိကာ ခရီးသည်ပေါင်း ၂၁၀၀ ကို တင်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။

အဲဒီသင်္ဘောမှာ ဘက်ထရီတန်ချိန် ၂၅၀ ကျော် အသုံးပြုထားပြီး အမေရိကန်တောင်ပိုင်း ရေကြောင်းသယ်ယူပို့ ဆောင်ရေးလုပ်ငန်း Buquebus အတွက် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။သင်္ဘောရဲ့ ဘက်ထရီနဲ့စွမ်းအင်သိုလှောင်စနစ်(ESS)က ၄၀ မဂ္ဂါဝပ်နာရီကျော် ပံ့ပိုးပေးနိုင်ပြီး လျှပ်စစ်စွမ်းအင်သုံး waterjet အင်ဂျင် ၈ လုံး သုံးထားတာဖြစ်တယ်လို့ Incat က ဆိုပါတယ်။ အဲဒီသင်္ဘောမှာ သုံးထားတဲ့ စွမ်းအင် သိုလှောင်စနစ်ကိုတော့ အင်ဂျင်ထုတ်လုပ်လုပ်ရေးကုမ္ပဏီ Wartsila က တည်ဆောက်ပေးထားတာပါ။

သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းစေမယ့် သယ်ယူပို့ဆောင်ရေး နည်းလမ်းတွေကို တောင်းဆိုမှု များပြားလာ တာနဲ့အမျှ ကာဗွန်ထုတ်လွှတ်မှု သုညရာခိုင်နှုန်းအထိ ဖြစ်စေတဲ့ လျှပ်စစ်စွမ်းအင်သုံး ရေယာဉ်တွေဟာ အရေးပါ တဲ့ အခန်းကဏ္ဍမှာ ပါဝင်လာပါတယ်လို့ Wartsila ရဲ့ ဥက္ကဋ္ဌ Roger Holm က ပြောဆိုထားပါတယ်။