တရုတ်လျှပ်စစ်ကားထုတ်လုပ်သူ Xpeng က ရေရှည်ပရောဂျက်တစ်ခုအဖြစ် ရှုမြင်ပြီး လူသားပုံတူစက်ရုပ်တွေထုတ်လုပ်ဖို့အတွက် အမေရိကန်ဒေါ်လာ ၁၃.၈ ဘီလီယံ အထိ သုံး စွဲသွားမှာဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် သတင်းမီဒီယာတွေမှာဖေါ်ပြထားပါတယ်။ဒါဟာ Xpeng အတွက် ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သလို စိန်ခေါ် စွန့်စားမှု တစ်ရပ်လည်းဖြစ်ကြောင်း ကုမ္ပဏီအမှုဆောင်အရာရှိချုပ်ကပြောပါတယ်။

လက်ရှိ လူသားပုံတူစက်ရုပ်တွေ စတင်ထုတ်လုပ်မယ့် ခြေလှမ်းကအနည်းငယ် နောက်ကျနေပြီဖြစ်ပေမယ့် တိုးတက်လာတဲ့နည်းပညာတွေကို အမီလိုက်ပြီးထိပ်တန်းကုမ္ပဏီကြီးတွေခြေရာတိုင်းနိုင်ဖို့အတွက် ကြိုးပမ်းမှုက နောက်မကျသေးဖူးလို့ ကုမ္ပဏီတာဝန်ရှိပြောရေးဆိုခွင့်ရှိသူတစ်ဦးကဆိုပါတယ်။Xpeng ဟာ ၂၀၂၀ ပြည့်နှစ်ကစပြီး လျှပ်စစ်ကားထုတ်လုပ်မှုကဏ္ဍကို အရှိန်အဟုန်နဲ့ဝင်ရောက်လာတာဖြစ်ပြီး လက်ရှိမှာ အမေရိကန်ထိပ်တန်းကုမ္ပဏီကြီးဖြစ်တဲ့ Tesla နဲ့အပြိုင် ရင်ဘောင်တန်းနေတာဖြစ်ပါတယ်။

လျှပ်စစ်ကားလုပ်ငန်းကနေ လက်ရှိမှာ လူသားပုံတူ စက်ရုပ်လုပ်ငန်းကဏ္ဍကို ထိုးဖောက် ဝင်ရောက်လာပြီး အမေရိကန်အခြေစိုက်နည်းပညာကုမ္ပဏီကြီးတွေကို ခြိမ်းခြောက်ကာ ဈေးကွက်အများအပြားကို လွှမ်းမိုး ကြီးစိုးနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမယ်လို့လေ့လာသူတွေက ဆိုကြပါတယ်။စက်ရုပ်တွေ ထုတ်လုပ်ရတာကတော့ ရေရှည်စီမံကိန်းမဟာဗျူဟာ အဖြစ် လုပ်ငန်းပိုင်းဆိုင်ရာစွမ်းဆောင်ရည် မြှင့်တင်ဖို့နဲ့ လူသားတွေနေရာမှာ စက်ရုပ်တွေ အစားထိုးပြီး လုပ်ငန်းဆောင်တာတွေ ပိုမိုပြီးမြောက်ရေးအတွက် ရည်ရွယ်ရင်းနှီးမြှုပ်နှံကြတာဖြစ်ပါတယ်။