တရုတ်သိပ္ပံပညာရှင်တွေဟာ ရေအောက်သယံဇာတ သဘာဝအလှတရားတွေ လေ့လာဖို့အတွက် စွမ်းဆောင်ရည် မြင့်မားပြီးရွေ့လျားနိုင်တဲ့ ရေအောက်ဒရုန်းတွေ တီထွင်ထုတ်လုပ်နေကြောင်း Tech radar သတင်းမှာ ရေးသား ထားပါတယ်။

Northwestern Polytechnical University နဲ့ Ningbo Institute တို့က သုတေသီတွေ ပူးပေါင်းပြီး ရေအောက်က မန်တာရောင်ခြည်တွေ ရွေ့လျားပုံကို လေ့လာစောင့်ကြည့်ဖို့အတွက် ရေအောက်ဒရုန်းတွေ တီထွင်ထုတ်လုပ်နေ တာ ဖြစ်ပါတယ်။ ဒီအပြင် ရေအောက်ဒရုန်းတွေကနေတစ်ဆင့် ပင်လယ်သတ္တဝါတွေရဲ့ ကြီးမားကျယ်ပြန်တဲ့ လှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်လေ့လာနိုင်မှာ ဖြစ်သလို ရှားပါးပင်လယ်နေသတ္တဝါတွေကိုလည်း လေ့လာ နိုင်မှာဖြစ်တယ်လို့ Ningbo Institute က သုတေသီတစ်ယောက်က ပြောပါတယ်။

ဒါတွေကို စောင့်ကြည့်လေ့လာဖို့အတွက် သိပ္ပံပညာရှင်တွေက ရွေ့လျားနိုင်တဲ့ ရေအောက်ဒရုန်းတွေ တည်ဆောက် ဖို့ ကြိုးပမ်းဆောင်ရွက်နေကြတာပါ။ ရေအောက်လုပ်ငန်းတွေ ပိုမိုခက်ခဲလာတာနဲ့အမျှ အဖွဲ့လိုက်လုပ်ဆောင်ဖို့ ဒရုန်းအများအပြား လိုအပ်လာတာ ဖြစ်ပါတယ်။ရွေ့လျားနိုင်တဲ့ရေအောက်ဒရုန်းတွေ တီထွင်တာဟာ အပိုစွမ်းအင်အသုံးမပြုဘဲ ပိုမိုမြန်ဆန်လွယ်ကူစွာ ရွေ့လျား နိုင်ဖို့ ကူညီပေးပါတယ်။ ဒီအစီအစဉ်က တွန်းကန်အားကို ပိုမိုကောင်းမွန်စေပြီး စွမ်းအင်ချွေတာဖို့ အရေးကြီးတဲ့ ဒရုန်းအုပ်စုတွေ ဖန်တီးဖို့အတွက် စံပြဖြစ်တယ်လို့ သုတေသီတွေက ပြောကြားထားပါတယ်။