ကမ္ဘာ့ထိပ်တန်း E-commerce ကုမ္ပဏီကြီးဖြစ်တဲ့ အမေဇုန်ဟာ အနာဂတ်မှာ ပစ္စည်းပိုဆောင်တဲ့ လူတွေရဲ့ နေရာမှာ စက်ရုပ်တွေကို အစားထိုးဖိုအတွက် ဆော့ဖ်ဝဲလ်တွေ ဖန်တီးနေတယ်လို နည်းပညာသတင်းတွေမှာ ဖော်ပြပါတယ်။

ဆန်ဖရန်စစ္စကိုမြိုက အမေဇုန်ရုံးခွဲတစ်ခုမှာ လက်တွေ့လုပ်ငန်းခွင်လို နေရာတစ်ခုကို ပြင်ဆင်တည်ဆောက်နေ တာဖြစ်ပြီး စက်ရုပ်တွေကို ဒီနေရာမှာ စမ်းသပ်ဖို ဆောင်ရွက်နေတာပါ။ ဒီစက်ရုပ်တွေအတွက် အေအိုင်ဆော့ဖ် ဝဲလ်တွေကိုလည်း အမေဇုန်က ဖန်တီးနေပြီး စမ်းသပ်မှုတွေအတွက်တော့ တခြား မိတ်ဖက်ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ဟာ့ဒ်ဝဲလ်တွေကို အသုံးပြုဖို စီစဉ်ထားတယ်လို ဆိုပါတယ်။

အမေဇုန်ရဲ့ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်က ထုတ်ပြန်ကြေညာချက်တွေမှာတော့ ကုန်ပစ္စည်းစာရင်း စစ်ပေးတဲ့ စက်ရုပ် တွေ၊ ဂိုဒေါင်မှာ အသုံးပြုမယ့် စက်ရုပ်တွေနဲ့ ပစ္စည်းပိုမယ့် စက်ရုပ်တွေကို အသုံးပြုပြီး မှာယူတဲ့ပစ္စည်းတွေကို သုံးစွဲသူတွေဆီ အမြန်ဆုံး ပိုပေးနိုင်အောင် ဆောင်ရွက်နေတယ်လို ဖော်ပြထားပါတယ်။