နယူးယောက်မြို့အခြေစိုက် Aircela ကုမ္ပဏီဟာ ထူးခြားဆန်းသစ်တဲ့ နည်းပညာကို အသုံးပြပြီး လေထဲကနေ ဓာတ်ဆီ ထုတ်နိုင်တဲ့စက် တီထွင်လိုက်ပါတယ်။ သူတို့ တီထွင်လိုက်တဲ့စက်ကတော့ ရေခဲသေတ္တာ အရွယ် အစားလောက်ပဲရှိတဲ့ စက်ငယ်လေးတစ်ခုလို့ ဆိုပါတယ်။ ဒီစက်ရဲ့ လုပ်ဆောင်ပုံက လေထုထဲမှာ ပျံ့နှံ့နေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်(CO₂)တွေကို တိုက်ရိုက်ဖမ်းယူပါတယ်။

ပြီးတဲ့အခါမှာတော့ ပြန်ပြည့်ဖြိုးမြဲစွမ်းအင် (ဥပမာ – နေရောင်ခြည်၊ လေစွမ်းအင်)ကိုသုံးပြီး ရေကနေထုတ်ယူထားတဲ့ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့နဲ့ ပေါင်းစပ်ကာ လောင်စာဆီအဖြစ် ပြောင်းလဲဖန်တီးပေးတာ ဖြစ်ပါတယ်။ ဒီနည်းလမ်းနဲ့ထုတ်လုပ်တဲ့ ဓာတ်ဆီဟာ အလွန် သန့်စင်ပြီး ဆာလဖာ၊ အီသနောနဲ့ သတ္တုလေးတွေ လုံးဝကင်းစင်တဲ့အတွက် လက်ရှိအသုံးပြုနေတဲ့ ဘယ်လို အင်ဂျင်အမျိုးအစားမှာမဆို ယာဉ်တွေနဲ့ လောင်စာဆီစနစ်တွေကို အထူးတလည် ပြုပြင်ပြောင်းလဲစရာမလိုဘဲ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။