ဂျပန်ဆက်သွယ်ရေးကုမ္ပဏီ Nippon Telegraph and Telephone Corporation (NTT) က သိပ္ပံပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေပူးပေါင်းပြီး ဒရုန်း သုံး ကာ မိုးကြိုးအတု အောင်မြင်စွာ စတင်ဖန်တီးနိုင်ခဲ့ပြီဖြစ်ကြောင်း Popular mechanics သတင်းမှာရေးသားထားပါတယ်။

မိုးကြိုးအတုဖန်တီးနိုင်ဖိုအတွက် လျှပ်စီးကြောင်းခံနိုင်တဲ့ လှောင်အိမ်တစ်ခုကို ဒီဇိုင်းထုတ်ကာ လျှပ်ကူးဝါယာကြိုးတွေနဲ့ ဗိုအားမြင့်ခလုတ်တွေကို အသုံးပြုပြီးနောက် ဒရုန်းကိုကြားခံအနေနဲ့တစ်ဆင့်ခံသုံးကာ မိုးကြိုးအတုတွေ အလိုအလျောက် ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ဒရုန်းတွေကို အသုံးပြုပြီး မိုးကြိုးအတုဖန်တီးတဲ့ နည်းပညာက လာမယ့်အနာဂတ်မှာ လျှပ်စီးကြောင်းကနေ ပြန်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်အဖြစ် ဖမ်းယူ အသုံးချနိုင်မှာဖြစ်ကြောင်း NTT က ခန့်မှန်းထားပါတယ်။

ဒါဟာ ဂျပန်နိုင်ငံအတွက် သိပ္ပံနည်းပညာပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှုအတွက်မဟာအောင်မြင်မှုတစ်ခုဖြစ်သလို တိုးတက်လာတဲ့နည်းပညာခေတ်ကို ခြေလှမ်းအသစ်တွေနဲ့ အမှီလိုက်ဖိုကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်။မိုးကြိုးဒရုန်းအတုတွေကို အသုံးပြုပြီး ဆိုးရွား ပြင်းထန်တဲ့ ရာသီဥတုအခြေအနေတွေမှာ ထိခိုက်လွယ်တဲ့ ကိရိယာတွေနဲ့ လူဦးရေစင်တာတွေကို ကာကွယ်ဖိုအတွက် အသုံးပြုသွား မှာဖြစ်တယ်လိုသိရပါတယ်။