သုံးစွဲသူတွေအတွက် AI လုပ်ဆောင်ချက်အသစ်တွေ ရရှိစေဖို့ရည်ရွယ်ပြီး Qualcomm ချစ်ပ်ပြားတွေပါရှိတဲ့ လက်ပ်တော့နဲ့ တက်ဘလက်အသစ်တွေ Microsoft မိတ်ဆက်ပြသလာတာကို CNA သတင်းမှာ ပါရှိပါတယ်။နောက်ဆုံးပေါ် လက်ပ်တော့နဲ့ တက်ဘလက်ကို မေလ ၂၀ ရက်မှာ စတင်ဖြန့်ချီ ရောင်းချမှာဖြစ်ပြီး ဈေးနှုန်း တွေကတော့ အမေရိကန်ဒေါ်လာ ၈၉၉ နဲ့ ၇၉၉ ဒေါ်လာ ဝန်းကျင် ဖြစ်တယ်လို့ ကုမ္ပဏီက ပြောဆိုထားပါတယ်။

လက်ပ်တော့နဲ့ တက်ဘလက် နှစ်ခုစလုံးမှာ Qualcomm ထုတ် Snapdragon X Plus ချစ်ပ်တွေ ပါရှိမှာဖြစ်ပြီး Apple ထုတ် MacBook Air နဲ့ iPad တွေကို ယှဉ်ပြိုင်ပြီး ဈေးကွက်အတွင်းမှာ ရောင်းအားကောင်းအောင် လွှမ်းမိုးထားနိုင်ဖို့လည်း ကုမ္ပဏီက ရည်မှန်းထားပါတယ်။ ဒီနောက်ဆုံးပေါ်လက်တော့ပ်တွေဟာ သုံးစွဲသူတွေ အတွက် ကျေနပ်စရာကောင်းလောက်တဲ့ အတွေ့အကြုံတွေကို ပေးစွမ်းနိုင်မှာဖြစ်သလို မြင့်မားတဲ့ စိတ်ကျေနပ် မှုကိုလည်း ပေးစွမ်းနိုင်မှာဖြစ်တယ်လို့ ကုမ္ပဏီအမှုဆောင်အရာရှိချုပ်က ပြောပါတယ်။