အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (ယူအေအီး)ဟာ Stargate UAE ပရောဂျက် တစ်စိတ်တစ်ပိုင်းအဖြစ် ကမ္ဘာပေါ်မှာ အကြီးဆုံး AI ဒေတာစင်တာကို OpenAI ရဲ့ ပထမဆုံးသော နိုင်ငံတကာ အခြေခံအဆောက်အဦ အဖြစ် တည်ဆောက်ဖို့ စီစဉ်ထားကြောင်း Tech Radar သတင်းမှာ ဖော်ပြထားပါတယ်။

စီမံကိန်းအတွက် အသေးစိတ်ထုတ်ဖော်ပြောကြားထားတာ မရှိပေမယ့် တည်ဆောက်မယ့် ဒေတာစင်တာကနေ သုံးစွဲနိုင်မဲ့ ဒေတာပမာဏက 1GW ရှိမှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီဒေတာစင်တာကနေ ပထမဆုံး ၂၀၀ မက်ဂါဝပ် ကလပ်စတာကို ၂၀၂၆ ခုနှစ်မှာ စတင်သုံးစွဲနိုင်ဖို့ မျှော်လင့် ထားပြီး နျူကလီးယား၊ နေရောင်ခြည်နဲ့ ဓာတ်ငွေ့စွမ်းအင် သုံးနိုင်ဖို့နဲ့ ယူအေအီးရဲ့ စက်မှုလုပ်ငန်းခွင်တွေမှာ AI အသုံးပြုမှုကို အရှိန်မြှင့်ပေးဖို့ကိုလည်း မျှော်မှန်းထားပါတယ်။