Nintendo ပရိသတ်တွေဟာ ကုမ္ပဏီက မကြာသေးခင်အချိန်ကာလအတွင်းမှာ မိတ်ဆက်ထားတဲ့ Switch 2 ဂိမ်း စက်အသစ်ကို တိုကျိုမြို့အနီးရှိ ပွဲတစ်ခုမှာ စမ်းသုံးကြည့်ဖို့ အခွင့်အရေးရရှိထားကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။ လက်ရှိမှာ ဂိမ်းစက်အသစ်က စျေးနှုန်းတွေ တက်သွားပြီး ဝယ်ယူဖို့ အခက်အခဲရှိလာမှာ ကို စိုးရိမ်နေကြတာကြောင့် အခုလို Switch 2 ဂိမ်းစက်အသစ်ကို စမ်းသုံးဖို့ အခွင့်အရေးရတုန်း Nintendo ပရိသတ်တွေက ရင်ခုန်စိတ်လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။

Switch 2 ဂိမ်းစက်အသစ်က မြင့်မားတဲ့ စျေးနှုန်းနဲ့ ဈေးကွက်အတွင်းမှာ ရောင်းချလာနိုင်ချေရှိပြီး Nintendo ကံကြမ္မာကို ပြောင်းလဲပေးမယ့် Switch 2 ဂိမ်းစက်အနေနဲ့ ကမ္ဘာ့တစ်ဝန်းကို လွှမ်းမိုးလာနိုင်ချေရှိတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။ဒေါ်နယ်ထရမ့် သမ္မတ ဖြစ်လာပြီးကတည်းက စည်းကြပ်ခွန်တွေ တိုးလာတဲ့အတွက် ဂိမ်းစက်အတွက်တင်မကဘဲ ဆက်စပ်ပစ္စည်းတွေအတွက်လည်း စျေးနှုန်းတက်သွားမှာကို စိုးရိမ်မိတယ်လို့ ဂျပန်နိုင်ငံက အိမ်ခြံမြေကုမ္ပဏီ ဝန်ထမ်း တစ်ယောက်က ပြောပါတယ်။

တရုတ်အပါအဝင် ကုန်သွယ်ဖက်တွေအပေါ် စည်းကြပ်ခွန် ကောက်ခံ မှုကြောင့် ကမ္ဘာတစ်ဝန်းရှိ စားသုံးသူတွေအနေနဲ့ အီလက်ထရွန်းနစ် စက်ပစ္စည်းတွေအတွက် စျေးနှုန်းကြီးမြင့်မှု ကြုံတွေ့လာနိုင်ချေ ရှိပါတယ်။ ထရမ့်က အခွန်အချို့ကို ပြန်လည်ရုပ်သိမ်းလိုက်ပေမယ့် ထိခိုက်ပျက်စီးစေမယ့် ကုန်သွယ်ရေးစစ်ပွဲရဲ့ ခြိမ်းခြောက်မှုကတော့ ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။