ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းကျရောက်နေတဲ့ ဧရိယာအကျယ်ဝန်း ၁၂၀၆ ဧကရှိတဲ့ နယ်မြေကို ကေလာသတောင်ကြိုးပြင်ကာကွယ်တောအဖြစ် ဇွန်လ ၆ ရက်ကစပြီး သတ်မှတ်လိုက် တယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီဌာနက ဇွန်လ ၁၄ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်၊၊
ကေလာသတောင်ကြိုးပြင်ကာကွယ်တော သတ်မှတ်လိုက်တာကြောင့် တန်ဖိုးရှိ မျိုးရင်းသစ်မျိုးဖြစ်တဲ့ အင်ကြင်း၊ ပျဉ်းကတိုး၊ ထောက်ကြံ့၊ ပိတောက်၊ တမလန်းပင်တွေနဲ့ အခြားဒေသမျိုးရင်း သစ်မျိုးတွေဖြစ်တဲ့ ယမနေ၊ ဒဟတ်၊ မျောက်ချော၊ သပြေ စတာတွေကို ထိန်းသိမ်းကာကွယ်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ရှားပါးမျိုးစိတ်ဖြစ်တဲ့ မျောက်ညိုနဲ့နေထိုင်ကျက်စားလျက်ရှိတဲ့ ဂျီ၊ ဆတ်၊ ဝက်၊ မျောက်နီ၊ တော ကြောင်၊ တောကြက်၊ ဒေါင်းနဲ့ ငှက်အမျိုးမျိုးစတဲ့ တောရိုင်းတိရစ္ဆာန်တွေကိုထိန်းသိမ်းနိုင်တာ၊ အဲဒီတိရစ္ဆာန်တွေရဲ့ နေရင်းဒေသတွေတိုးပွားလာမှာ ဖြစ်တယ်လို့ သိရပါတယ်။