ရှမ်းပြည်နယ်၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မက်မန်းမြို့နယ်၊ အေးကျန့်ကျေးရွာအုပ်စု၊ ကွန်းဟောင်းကျေးရွာမှာ ဩဂုတ် ၂၂ ရက်၊ နေ့လယ်ပိုင်းက မြေပြိုမှုဖြစ်ပွားရာ လူသုံးယောက်သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အခင်းဖြစ်နေရာကို မက်မန်းမြို့နယ် မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေဟာ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို သွားရောက်ဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။ မြေပြိုမှုဖြစ်ပွားတဲ့နေရာမှာတော့ မြေပိသေဆုံးသူအမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်တို့ကို မက်မန်းမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ဆိုပါတယ်။

အလားတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း)က ကားလမ်းအချို့မှာလည်း မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် လမ်းတွေ ပျက်စီးကာမြေပြိုကျတာတွေရှိနေပြီး ကားအသွားအလာခက်ခဲမှုတွေ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။