သမ္မတဒေါ်နယ်ထရမ့်ရဲ့ဖိအားပေးမှုကြောင့် နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Apple ဟာ အမေရိကမှာ နောက်ထပ် ဒေါ်လာ ဘီလီယံ ၁၀၀ ထပ်တိုးမြှုပ်နှံဖို့စီစဉ်ထားတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

အမေရိကန်မှာ လေးနှစ်အတွင်း ဘီလီယံ ၅၀၀ ရင်းနှီးမြှုပ်နှံသွားမယ်ဆိုတဲ့ Apple ရဲ့အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်ရဲ့ မူလကတိကဝတ်အပေါ် ဘီလီယံ ၁၀၀ ထပ်တိုးသွားတာလည်းဖြစ်ပါတယ်။အိုင်ဖုန်းတွေကို အမေရိကန်မှာပြောင်းရွှေ့ထုတ်လုပ်မှုမလုပ်ရင် Apple ရဲ့ထုတ်ကုန်တွေအပေါ် အခွန်တိုးကောက်မယ်လို့ ဒီနှစ်အစောပိုင်းက သမ္မတထရမ့်ခြိမ်းခြောက်ပြီးတဲ့နောက်မှာ ဒီအစီအစဉ်ထွက်ပေါ်လာတာဖြစ်ပါတယ်။Apple အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်ကတော့ သူ့ရဲ့ထုတ်ကုန်တွေအပေါ် အခွန်စည်းကြပ်မှုတွေကို ရှောင်ရှားနိုင်အောင် ပိုမိုကြိုးပမ်းသွားမယ်လို့ ပြီးခဲ့တဲ့အပတ်ကပဲပြောကြားခဲ့ပါတယ်။

ဩဂုတ်လ ၆ ရက်နေ့က အိမ်ဖြူတော်ရဲ့တရားဝင်ကြေငြာချက်တစ်ခုမှာ ဒီရင်းနှီးမြှုပ်နှံမှုရဲ့အစိတ်အပိုင်းအဖြစ် Apple အနေနဲ့ သူ့ရဲ့ပြည်တွင်းကုန်ကြမ်းထောက်ပံ့ရေးကွင်းဆက်အတွက် ကြီးကြီးမားမားသုံးစွဲရမှာဖြစ်ပြီး နိုင်ငံတစ်ဝှမ်း ဒေတာစင်တာတွေဆောက်လုပ်တာ ကန်တပ်ကီပြည်နယ် ဟဲရစ္စဘာ့ဂ်မြို့မှာ စမတ်မှန်ထုတ်လုပ်ရေးစက်ရုံတည်ဆောက်တာတွေပါဝင်တယ်လို့ သမ္မတထရမ့်က ပြောဆိုခဲ့ကြောင်းပါရှိပါတယ်။ ဒီလိုရင်းနှီးမြှုပ်နှံမှုထပ်တိုးမယ့်အစီအစဉ်ကြောင့် Apple ရှယ်ယာဈေးလည်း ၅ ရာခိုင်နှုန်းမြင့်တက်လာတယ်လို့သိရပါတယ်။