Tesla ကုမ္ပဏီဟာ ကာလရှည်ကြာ ကတိပြုထားတဲ့ Robotaxi ဝန်ဆောင်မှုကို ဇွန်လကုန်ကစပြီး တက္ကဆက် ပြည်နယ် အော်စတင်မှာ စမ်းသပ်မှုစတင်ဖို့ စီစဉ်ထားတယ်လို့ ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။

ကုမ္ပဏီအနေနဲ့ အမေရိကန် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဆီကနေ Robotaxi ဝန်ဆောင်မှုနဲ့ပတ်သက်လို့ လုံခြုံ ရေးဆိုင်ရာ မေးခွန်းတွေကို ရင်ဆိုင်နေရပေမယ့် Robotaxi ဝန်ဆောင်မှုကို စတင်ကြိုးပမ်းသွားမှာဖြစ်တယ်လို့ Elon Musk က ပြောကြားထားပါတယ်။အော်စတင်အပြင် အခြားမြို့နယ်အချို့မှာလည်း Robotaxi ၁၀ စီးကို ဖြန့်ချိမှာဖြစ်ပြီး လအနည်းငယ်အတွင်း အစီးရေ တစ်ထောင်အထိ တိုးချဲ့သွားမှာဖြစ်တယ်လို့ Musk က CNBC အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့တာပါ။

Musk က သမ္မတ ထရမ့် အလုပ်တွေကို လျှော့ချကာ Tesla ကို ပိုမိုအာရုံစိုက်မယ်လို့ ပြောကြားခဲ့ပြီး သူ့လုပ်ငန်း တွေကို ပိုမိုတိုးချဲ့ဖို့ ဆောင်ရွက်နေတာကို တွေ့ရပြီး သုံးစွဲသူတွေအတွက် စျေးသက်သာတဲ့ EV ပလက်ဖောင်း သစ်တွေနဲ့ Optimus humanoid စက်ရုပ်လုပ်ငန်းတွေမှာ အာရုံစိုက်ဆောင်ရွက်နေပါတယ်။