OpenAI ကုမ္ပဏီက ကုဒ်ရေးနည်းအကူအညီအတွက် ဥာဏ်ရည်တုကိရိယာတစ်ခုဖြစ်တဲ့ Windsurf ကို အမေရိကန်ဒေါ်လာ ၃ ဘီလီယံ နီးပါး ပေးချေဝယ်ယူဖို့ ဆွေးနွေးနေပြီဖြစ်ကြောင်း CNBC သတင်းမှာ ဖော်ပြထား ပါတယ်။ Windsurf က အခြားနာမည်ကြီး AI coding tool နဲ့ Microsoft တို့လို ကုမ္ပဏီတွေမှာရှိပြီး AI coding အင်္ဂါရပ် တွေနဲ့ တန်းတူရင်ပေါင်တန်း ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။

OpenAI ရဲ့ နောက်ဆုံးထွက် AI မော်ဒယ်တွေဖြစ်တဲ့ o3 နဲ့ o4-mini ထုတ်ကုန်တွေနဲ့ပတ်သက်ပြီး သုံးစွဲသူတွေက အရည်အသွေး နိမ့်နေတယ်လို့ ဝေဖန်ပြောဆိုနေကြတာကြောင့် ကုဒ်ရေးနည်းအကူအညီအတွက် Windsurf ကို ဝယ်ယူဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ တကယ်လို့ Windsurf နဲ့သာ သဘောတူညီချက်တစ်ခု ရခဲ့မယ်ဆိုရင် OpenAI ရဲ့ အကြီးမားဆုံး ဝယ်ယူမှုဖြစ်လာမှာဖြစ်သလို ကုမ္ပဏီအတွက် နည်းပညာပိုင်းဆိုင်းရာ မဟာအခွင့်အရေး တစ်ခုလည်း ဖြစ်လာမှာ သေချာပါတယ်။

OpenAI ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ဇွန်လကလည်း ခွဲခြမ်းစိတ်ဖြာမှုဒေတာဘေ့စ်ပံ့ပိုးပေးသူ Rockset နဲ့ ဗီဒီယိုပူးပေါင်း ဆောင်ရွက်တဲ့ ပလပ်ဖောင်း Multi ကို ဝယ်ယူခဲ့ပါသေးတယ်။ ၂၀၂၃ ခုနှစ်အတွင်းကလည်း OpenAI က “ ဖန်တီးမှုကိရိယာတွေ၊ အခြေခံအဆောက်အဦတွေနဲ့ ဒစ်ဂျစ်တယ်အတွေ့အကြုံတွေ တည်ဆောက်ဖို့အတွက် AI ကိုအသုံးပြုတဲ့ Global Illumination” ကို ၀ယ်ယူခဲ့ပါသေးတယ်။