Telegram ရဲ့ Founder ဖြစ်သူ Pavel Durovက လာမယ့် နွေရာသီမှာ Telegram အသုံးပြုတဲ့ သူတွေကို ပိုမိုကောင်းမွန်တဲ့ အရာတွေပေးနိုင်ဖိုအတွက် Telegram app ထဲမှာ AI techonolgy ကို ယူဆောင်လာဖိုအတွက်ပြင်ဆင်နေပြီဖြစ်ကြောင်း သူ့ရဲ့ “ X” စာမျက်နှာကနေတဆင့် မေလ ၂၈ ရက်နေ့က ပြောကြားလာပါတယ်။

Pavel Durov ဟာ X ရဲ့ ပိုင်ရှင်ဖြစ်တဲ့ Elon Musk နဲ့ပူးပေါင်းပြီး X ရဲ့ AI ဖြစ်တဲ့ @grok ကို telegram app ထဲကိုထည့်သွင်းတော့မှာပဲဖြစ်ပါတယ်။ အခုလို ပူးပေါင်းခြင်းဟာTelegram ရဲ့ financial position ကို အခုလက်ရှိအခြေနေထပ် ပိုပြီးတော့လည်း မြှင့်တင်သွားနိုင်မှာဖြစ်တယ်လို ပြောကြားလာပါတယ်။

အခုလို ပူးပေါင်းလိုက်ခြင်းက Telegram app ကတဆင့် X AI ကို Subscribe လုပ်တဲ့သူတိုင်းရဲ့ အခွန် ၅၀ရာခိုင်နှုန်း ကိုလည်းရရှိဦးမှာပဲဖြစ်ပါတယ်။ ဒီသတင်း ကြေညာချက်ထွက်ပြီးနောက်မှာပဲ Telegram Founder ရဲ့ Coin ဖြစ်တဲ့ TON ဟာလည်း ၁၉ ရာခိုင်နှုန်း အထိကို ဈေး တိုးတက်လာပါတယ်။ နောက်ထပ် ဆက်တက်နိုင်အုံးမလား တဖန် ပြန်လည်ကျဆင်းဦး မလားကတော့ ဆက်လက်စောင့်ကြည့်ရမှာ ပဲဖြစ်ပါတယ်။