Google က AI Assistant လောကကို ထူးခြားဆန်းသစ်စေမယ့် Pixel Sense AI Assistant ကို ဒီနှစ်နှောင်းပိုင်းမှာ ထွက်မယ့် Pixel 10 Series စမတ်ဖုန်းတွေမှာ အခမဲ့ ထည့်သွင်းပေးသွားတော့မှာဖြစ်ကြောင်း The verge သတင်းမှာရေးသားထားပါတယ်။Gemini Nano AI ကို အသုံးပြုထားတဲ့ Pixel Sense ဟာ သာမာန် Voice Assistant တွေထက် စွမ်းရည်ပိုမြင့်မားမှာ ဖြစ်ပါတယ်။

Pixel Sense ဟာ User ရဲ့ အလုပ်လုပ်ပုံကို လေ့လာကာ အလုပ်တွေ အလိုအလျောက် လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ Pixel Sense ဟာ Phone, Messages, Photos, Maps, Gmail, Docs , Chrome , YouTube နဲ့ Keep Notes လို Google Apps တွေမှာ အလုပ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။အသံ၊ စာသားနဲ့ ဓါတ်ပုံတွေကို နားလည်ပြီး စမတ်ကျစွာ အလုပ်လုပ်နိုင်မယ့်အပြင် Feature တော်တော်များများဟာ Offline အလုပ်လုပ်မှာ ဖြစ်တဲ့အတွက် Privacy နဲ့ အမြန်နှုန်း ကောင်းစေမှာ ဖြစ်တယ်လို ကုမ္ပဏီတာဝန်ရှိသူတစ်ဦးကပြောကြားထားပါတယ်။