The Wild Dolphin Project နဲ့ Google DeepMind တိုက သုတေသီတွေပူးပေါင်းပြီး Dolphin Gemma ဆိုတဲ့ လင်းပိုင်တွေနဲ့ ဆက်သွယ်စကားပြောဆိုဖို ဆက်သွယ်ရေးကိရိယာတစ်ခုဖန်တီးခဲ့ပါတယ်။ အဲ့ဒီ Dolphin Gemma ဆိုတဲ့ ဆက်သွယ်ရေးကိရိယာမှာ Google AI ပေါင်းစပ်အသုံးပြုပြီး ဆယ်စုနှစ်များစွာကြာအောင် ကြိုးစားနေတဲ့ ရှုပ်ထွေးတဲ့ ကမ္ဘာလောကကြီးက အဖြေတစ်ခုကို အောင်မြင်စွာဖော်ထုတ်နိုင်ခဲ့ပါတယ်။

အဲ့ဒါကတော့ လင်းပိုင်တွေရဲ့ အသံကို ပိုင်းခြားစိတ်ဖြာနားလည်ဖို ဆက်သွယ်ရေးကိရိယာအဖြစ် အထူးလေ့ကျင့်ထားတဲ့ DolphinGemma မှာ Google AI ထည့်သွင်းအသုံးပြုပြီး လင်ပိုင်လေးတွေနဲ့ ဆက်သွယ်ပြောဆိုနိုင်ပြီဖြစ်ကြောင်း လင်းပိုင်တွေကို သုတေသနပြုလုပ်လေ့လာနေသူ Dr. Denise Herzing ကပြောကြားထားပါတယ်။Dolphin Gemma ကို အသုံးပြုပြီး ဘဟားမားစ်ရှိ အတ္တလန္တိတ်မှာ တွေ့ရတဲ့ လင်းပိုင်တွေကို စမ်းသပ်လေ့လာစဉ်အတွင်း နှစ်ပေါင်း ၄၀ ကျော်ကြာ အဖြေရှာနေတဲ့ လင်းပိုင်လေးတွေနဲ့ စကားသံကိုနားဆင် အဖြေထုတ်နိုင်ပြီဖြစ်တယ်လို The Wild Dolphin Projectကသုတေသီတစ်ဦးကပြောပါတယ်။

Dolphin Gemma ကနေတစ်ဆင့် လုပ်ဆောင်ချက် ဒါမှ မဟုတ် အရာဝတ္ထုတွေနဲ့ ဆက်စပ်ပြီး လင်းပိုင်တွေရဲ့ တုံပြန်မှုတွေကို နားလည်အဖြေရှာပေးနိုင်တဲ့ ဆက်သွယ်ရေးစကားသံတွေအဖြစ် ဆောင်ရွက်ပေးနိုင်တယ်လို သုတေသီတွေကပြောကြားထားပါတယ်။ DolphinGemma ဟာ မကြာမီကာလအတွင်းမှာ အခြားလင်းပိုင်မျိုးစိတ်တွေနဲ့လည်း လိုက်လျောညီထွေဖြစ်စေမယ့် open-source tool တစ်ခု ဖြစ်လာမယ်လို သုတေသီတွေက ခန့်မှန်းထားကြပါတယ်။