အီလွန်မတ်ခ်က DOGE အဖွဲ့အနေနဲ့ အချက်အလက်ခွဲခြမ်းစိတ်ဖြာဖို့အတွက် အမေရိကန် ဖက်ဒရယ်အစိုးရရဲ့ ဥာဏ်ရည်တု chatbot Grok ကို တိုးချဲ့အသုံးပြုဖို့ စီစဉ်နေကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။အကျိုးစီးပွားပဋိပက္ခ ဥပဒေတွေကို ချိုးဖောက်ကာ သန်းပေါင်းများစွာသော အမေရိကန်နိုင်ငံသားတွေအပေါ် အန္တရာယ်ဖြစ်စေနိုင်တဲ့ အချက်အလက်တွေကို ဖောက်ထွင်းဝင်ရောက် အသုံးချနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုကြောင့် အခုလို အမေရိကန် ဖက်ဒရယ်အစိုးရရဲ့ ဥာဏ်ရည်တု chatbot Grok ကို တိုးချဲ့အသုံးပြုဖို့ စီစဉ်တာဖြစ်တယ်လို့ မတ်ခ်က ပြောပါတယ်။

အဲဒီအစီအစဉ်က အရေးကြီးတဲ့ ဒါမှမဟုတ် လျှို့ဝှက်ထားတဲ့ အစိုးရအချက်အလက်တွေဖြစ်ရင် လုံခြုံရေးနဲ့ ကိုယ်ရေးကိုယ်တာဥပဒေတွေကို ချိုးဖောက်နိုင်တယ်လို့ နည်းပညာနဲ့ အစိုးရကျင့်ဝတ်ဆိုင်ရာ ကျွမ်းကျင်သူ ၅ ယောက်ကတော့ ပြောကြားထားပါတယ်။ မတ်ခ်ကတော့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး Reuters ရဲ့ မေးမြန်း ချက်ကို တုံ့ပြန်ပြောကြားတာ မရှိပါဘူး။ ဖက်ဒရယ်အစိုးရမှာ Grok ကို အသုံးပြုတာက အခြားသော AI ဝန်ဆောင် မှု ပေးသူတွေထက် တရားမျှတတဲ့ ယှဉ်ပြိုင်မှု အားသာချက်ကို ရရှိနိုင်တယ်လို့ မတ်ခ်က ပြောကြားထားပါတယ်။