Artificial Intelligence အစပျိုးလုပ်ငန်း Anthropic က ထုတ်လုပ်ထားတဲ့ AI မော်ဒယ်အသစ်က ခုနစ်နာရီနီးပါး ဆက်တိုက် အလုပ်လုပ်နိုင်ကြောင်း ကုမ္ပဏီအကြီးတန်း တာဝန်ရှိသူတစ်ယောက်က ပြောကြားထားတာကို CNN သတင်းမှာ ရေးသားထားပါတယ်။Anthropic က Claude Sonnet 4 လို့ခေါ်တဲ့ Opus 4 AI မော်ဒယ်အသစ်ကို ယေဘုယျ အသုံးပြုနိုင်ဖို့အတွက် အခြားမော်ဒယ်တွေနဲ့အတူ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

အခုအခါ Anthropic ရဲ့ AI မော်ဒယ်အသစ်က လူသားတွေ လုပ်ဆောင်နေတဲ့ အလုပ်အကိုင်တွေကို အပြည့်အဝ ကိုင်တွယ် လုပ်ဆောင်နိုင်တော့မှာဖြစ်တယ်လို့ ကုမ္ပဏီက ကြေညာပါတယ်။ Opus 4 AI မော်ဒယ်အသစ် ဟာ လူသားတစ်ဦးချင်းစီထံကနေ ထပ်လောင်းတောင်းဆိုမှုတွေ မပါဘဲ အလုပ်အပြည့်အ၀ လုပ်ကိုင်နိုင်မယ့်အပြင် ပိုမိုရှုပ်ထွေးတဲ့ ပရောဂျက်တွေကို ကိုင်တွယ်ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့လည်း ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် က ပြောဆိုထားပါတယ်။

မော်ဒယ်အသစ်က ပိုမိုအားကောင်းတဲ့ ဉာဏ်ရည်တုကို တည်ဆောက်ဖို့ ထိပ်တန်း နည်းပညာကုမ္ပဏီကြီးတွေနဲ့ အပြိုင်အဆိုင် အလုပ်အကိုင်တွေကို အစားထိုး လုပ်ကိုင်ဆောင်ရွက်နိုင်မဲ့ ခြေလှမ်းတစ်ရပ်ဆိုလည်း မမှားပါဘူး။ ဒါ့အပြင် ဒီမော်ဒယ်က လူတစ်ဦးချင်းစီအလုပ်တွေကို ပြီးမြောက်အောင်မြင်စေဖို့ လူသားနည်းတူ လမ်းပြပေးပြီး အကောင်အထည်ဖော် ဆောင်ရွက် ပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။