Apple ကုမ္ပဏီက AI သုံးပြီး စိတ်ကြိုက် ချစ်ပ်ဒီဇိုင်းဆွဲဖို့ စိတ်ဝင်စားနေတဲ့အပြင် အထောက်အကူဖြစ်စေဖို့ ဉာဏ်ရည်တုကို တွင်တွင်ကျယ်ကျယ် အသုံးပြုသွားဖြစ်တယ်လို့ ကုမ္ပဏီ ထိပ်တန်းအမှုဆောင်တစ်ယောက်က မှတ်ချက်ပေး ပြောကြားထားတာကို Investing.com သတင်းမှာ ရေးသားထားပါတယ်။

AI အသုံးပြုပြီး စိတ်ကြိုက်ချစ်ပ်ဒီဇိုင်းတွေ ရေးဆွဲဖို့အတွက် စဉ်းစားနေပြီဖြစ်တယ်လို့ Apple ရဲ့ ဟာ့ဒ်ဝဲနည်းပညာ ဆိုင်ရာ အကြီးတန်းဒုတိယဥက္ကဋ္ဌက ပြီးခဲ့လက ဘယ်လ်ဂျီယံမှာ မိန့်ခွန်းပြောကြားစဉ် ပြောကြားသွားခဲ့တာပါ။ကုမ္ပဏီရဲ့ အထင်ကရ ထုတ်ကုန်တွေမှာ Apple ရဲ့ စိတ်ကြိုက် ချစ်ပ်တွေ ထည့်သွင်း ဒီဇိုင်းထုတ်သွားဖို့အတွက် gen AI အလားအလာကို ထုတ်ဖော်ပြသခဲ့တယ်လို့ ကုမ္ပဏီထိပ်တန်းအမှုဆောင်တစ်ယောက်က ပြောပါတယ်။ ဒါ့အပြင် Apple ဟာ ချစ်ပ်ပြားတွေ ဒီဇိုင်းထုတ်ဖို့အတွက် ရနိုင်တဲ့ နောက်ဆုံးပေါ်နည်းပညာတွေကို အမြဲ အသုံးပြု ဖို့ ကြိုးပမ်းခဲ့ပြီး ထိပ်တန်း အီလက်ထရွန်းနစ် ဒီဇိုင်းကုမ္ပဏီတွေကနေ နောက်ဆုံးပေါ် ချစ်ပ်ဒီဇိုင်းဆော့ဖ်ဝဲလ်တွေ ကိုလည်း အမြဲလေ့လာခဲ့တယ်လို့ ပြောပါတယ်။

၂၀၁၀ ပြည့်နှစ်ကတည်းက Apple ဟာ iPhone စက်တွေမှာ စိတ်ကြိုက်ဆီလီကွန်ကို Apple A4 ချစ်ပ်ထည့်သွင်း ကာ စတင်အသုံးပြုခဲ့တာဖြစ်ပြီး Mac ကွန်ပျူတာတွေကို Intel ပရိုဆက်ဆာတွေကနေ စိတ်ကြိုက်ဆီလီကွန် အဖြစ် ပြောင်းခဲ့တာပါ။ အဲဒီပြောင်းလဲမှုက ကုမ္ပဏီအတွက် အကြီးအကျယ် အရောင်းအ၀ယ် ဖြစ်စေခဲ့ပါတယ်။