AI အင်္ဂါရပ်တွေပါဝင်ပြီး Search engine တစ်ခုလို ကောင်းကောင်းအလုပ်လုပ်နိုင်မယ့် Weixin စာတိုပေးပို့ခြင်း အက်ကို တရုတ်နည်းပညာကုမ္ပဏီကြီး Tencent က မိတ်ဆက်လာခဲ့ပါတယ်။ Weixin စာတိုပေးပို့ခြင်းအက်ပ်ဟာ တရုတ်နိုင်ငံမှာ အကြီးမားဆုံးကွန်ရက်တစ်ခုဖြစ်နေသလို သုံးစွဲသူအချို့ကို AI နည်းပညာနဲ့ ချိတ်ဆက်ပြီး အသုံးပြု နိုင်စေဖို့လည်း ကုမ္ပဏီက ရည်မှန်းထားတာဖြစ်ပါတယ်။

ဒါ့အပြင် ထပ်ပြီးထူးခြားတာက AI နည်းပညာ ချိတ်ဆက် အသုံးပြုဖို့ အတွက် DeepSeek ကို ချိတ်ဆက်အသုံးပြုကာ Search engine တစ်ခုလို ကောင်းကောင်း ရှာဖွေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။Weixin ကို အသုံးပြုပြီး လုပ်ငန်းဆောင်တာတွေအတွက် လိုအပ်တာတွေကို ရှာဖွေ ချနိုင်မှာဖြစ်ပြီး Weixin စာတိုပေးပို့ခြင်းအက် ကနေတစ်ဆင့် အဆင်ပြေလွယ်ကူချောမွေ့စေမယ့် လုပ်ငန်းဆောင်တာတွေကိုလည်း အချိန်ခဏလေးအတွင်းမှာ ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ Tencent ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်က ပြောကြားထားပါတယ်။